ဘူဆန်မြို့မှ ဆိုးလ်မြို့စစ်သံရုံးအထိ ၂၁ ရက်လမ်းလျှောက်ချီတက်ဆန္ဒပြခြင်း ဂူမိမြို့သို့ ရောက်ရှိ
ရန်ကုန်၊ ဇူလိုင် ၁၃
ဘူဆန်မြို့မှ ဆိုးလ်မြို့စစ်သံရုံးအထိ ၂၁ ရက်လမ်းလျှောက်ချီတက်ဆန္ဒပြခြင်း ၇ ရက်မြောက်နေ့ အဖြစ် ဂူမိမြို့သို့ ရောက်ရှိပြီဖြစ်ကြောင်း သိရှိရသည်။
လမ်းလျှောက်ချီတက်ဆန္ဒပြခြင်း ၇ ရက်မြောက်နေ့အဖြစ် ဝဲကန်မြို့မှ ဂူမိမြို့သို့ ရောက်ရှိခြင်း ဖြစ်ပြီး တော်လှန်ရေးတက်ကြွလှုပ်ရှားသူများက ဝန်းရံကြိုဆိုခဲ့ကြကာ ဒယ်ဂူးဘုန်းဘုန်းက ဆက်လက်ဝန်းရံပေးရန် တိုက်တွန်းစကားဆိုခဲ့ကြောင်း သိရှိရသည်။