28.6 C
Yangon

မိုင်းရယ်မြို့မှာ SSPP/SSA ၏ စိုးမိုးနယ်မြေဖြစ်၍ အခြားအဖွဲ့အစည်းလက် အောက် မကျရောက်ရန် အင်အား ၁၀၀၀ ကျော်ဖြင့် ဝင်ရောက်တပ်စွဲဟု SSPP က ကြေညာ

Must read

မိုင်းရယ်မြို့မှာ SSPP/SSA ၏ စိုးမိုးနယ်မြေဖြစ်၍ အခြားအဖွဲ့အစည်းလက် အောက် မကျရောက်ရန် အင်အား ၁၀၀၀ ကျော်ဖြင့် ဝင်ရောက်တပ်စွဲဟု SSPP က ကြေညာ

ရန်ကုန်၊ ဇူလိုင် ၁၄

ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့မှာ SSPP/SSA ၏ စိုးမိုးနယ်မြေဖြစ်၍ အခြားအဖွဲ့အစည်းလက်အောက် မကျရောက်ရန် အင်အား ၁၀၀၀ ကျော်ဖြင့် ဝင်ရောက်တပ်စွဲဟု SSPP က တရားဝင်ကြေညာသည်။

ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်း မိုင်းရယ်မြို့နယ် အတွင်း ဒေသတည် ငြိမ်ရေးနှင့် ပြည်သူ့လုံခြုံရေး အတွက် ရည်ရွယ်ပြီး SSPP/SSA မှ စစ်အင်အား ၁၀၀၀ ကျော်က မိုင်းရယ် မြို့ကို ဝင်ရောက် နေရာယူ တပ်စွဲလိုက်ကြောင်း၊ အဆိုပါ မိုင်းရယ်မြို့သည် SSPP/SSA က နှစ်ပေါင်းများစွာ စိုးမိုးလာသည့် နယ်မြေ ဖြစ်ပြီး ပြည် သူလူထု တောင်းဆိုချက်အရ ပြည်သူများကို ကာကွယ် ရန် အတွက် ယခုကဲ့သို့ ဝင်ရောက် တပ်စွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင်လည်း နောက်ထပ် စစ် သည် အင်အား ထပ်မံ ဖြည့်တင်းကာ မိုင်းရယ်မြို့နယ် အ တွင်း နေရာအနှံ့ ဖြန့်ကျက်ထားကြောင်း သိရှိရသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ပြောရေး ဆိုခွင့် ရှိသူ အတွင်းရေးမှူး ၂ ဗိုလ် မှူးကြီး စိုင်းဆုက “ ဒီဒေသက ကျနော်တို့ စိုးမိုးထားတဲ့ နယ်မြေ ဖြစ်ပါတယ်။ ဒါကြောင့်လဲ အခြား အဖွဲ့အစည်းတွေ လက်ထဲကို ရောက်မသွားအောင် ကာကွယ်ဖို့နဲ့ ရှမ်းပြည်တပ်မတော် အုပ်ချုပ်မှုအောက်မှာ ဆက်ပြီးတော့ ရှိနေအောင် အခု လို လုပ်လိုက်တာ ဖြစ်တယ်။ ပြည်သူတွေကလဲ သူတို့ကို ကာကွယ်ပေးဖို့ ကျနော်တို့ကို တောင်းဆိုကြပါတယ်” ဟု ပြောဆိုသည်။

မိုင်းရယ်မြို့နယ် အတွင်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၃၂၅၊ ခြေလျင်တပ်ရင်း ခလရ ၆၇ နှင့် ခြေလျင် တပ် ရင်း ခလရ ၂၂ တို့ အခြေစိုက်ထားသော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ တိုက်ပွဲခြင်းဖြစ်ပွားခြင်းမရှိပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article