30 C
Yangon

သင်္ဃန်းကျွန်းတွင် အသက် ၅၂ နှစ်အရွယ် ဦးထွန်းလွင် ကာလဝမ်းရောဂါကူးစက်ခံရပြီးသေဆုံးသော်လည်း စစ်ကောင်စီက သေစာရင်းမဖော်ပြဘဲ ဖုံးကွယ်ထား၊ ဝမ်းရောဂါကြောင့် သေဆုံးသူများရှိသော်လည်း စစ်တပ်က သတင်းမထုတ်ပြန်

Must read

သင်္ဃန်းကျွန်းတွင် အသက် ၅၂ နှစ်အရွယ် ဦးထွန်းလွင် ကာလဝမ်းရောဂါကူးစက်ခံရပြီးသေဆုံးသော်လည်း စစ်ကောင်စီက သေစာရင်းမဖော်ပြဘဲ ဖုံးကွယ်ထား၊ ဝမ်းရောဂါကြောင့် သေဆုံးသူများရှိသော်လည်း စစ်တပ်က သတင်းမထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၁၅

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းတွင် အသက် ၅၂ နှစ်အရွယ် ဦးထွန်းလွင် ကာလ ဝမ်းရောဂါကူးစက်ခံရပြီးသေဆုံးသော်လည်း စစ်ကောင်စီက သေစာရင်းမဖော်ပြဘဲ ဖုံးကွယ်ထားကြောင်း ဒေသပြည်သူများနှင့် အမည်မဖော်လိုသော ကျန်းမာရေးဝန်ထမ်းတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

သက်န်းကျွန်း မြို့နယ်၊ ကြီးပွားရေး ရပ်ကွက်၊ အနော်ရထာလမ်း ၂ လမ်းတွင် နေထိုင်သော အသက် ၄၉ နှစ်အရွယ် ဦးထွန်းလွင်သည် ပြင်းထန် ကာလဝမ်းရောဂါကူးစက်ခံရကြောင်း၊ ဇူလိုင်လ ၁၁ ရက်နေ့ တွင် ဆေးရုံတက်ခဲ့ပြီး ဇူလိုင်လ ၁၂ ရက်နေ့တွင် မရပ်မနားဝမ်းများ သွားပြီး ကွယ်လွန်ခဲ့ကြောင်း ၊ ဇူလိုင်လ ၁၃ ရက်နေ့ ရေဝေး သုဿာန်တွင် သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

“၁၁ ရက်နေ့မှာ စံပြအစိုးရဆေးရုံကို တင်တယ်။ ဝမ်းတွေသွားတာမရပ်ဘူး ဆေးရုံရောက်တော့လည်း။ ဇူလိုင်လ ၁၂ ရက်နေ့မှာ ဆုံးတယ်။ ဇူလိုင်လ ၁၃ ရက်နေ့မှာ သဂြိုလ်တယ်။ မိသားစုလိုက်ပို့လို့မရဘူး။ ကိုဗစ်ရောဂါလိုပဲ အလောင်းကိုပဲ သီးသန့်ချလိုက်တာ။ ကူးစက်ရောဂါမို့လို့။ အဲဒါ အဲဒီနေအိမ်ကိုတော့ ဆေးဖြန်းတယ်။ ဒါပေမယ့် ကာလဝမ်းရောဂါကူးစက်ခံရလို့ သေပေမယ့် သေစာရင်းကို စစ်ကောင်စီဘက်က မဖော်ပြဘူး။ ဖုံးကွယ်ထားပါတယ်” ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် ကာလဝမ်းရောဂါကြောင့် နေ့စဉ် သေဆုံးမှုများရှိပြီး နေ့စဉ် ဝမ်းရောဂါလူနာ ၆၀ မှ ၁၀၀ အကြား ကူးစက်ခံနေရကြောင်း၊ ယင်းတို့ထဲတွင် ပြင်းထန် ဝမ်းရောဂါ(ခေါ်) ကာလဝမ်းရောဂါ ကူးစက်ခံရသူ ၂၀ ရာခိုင်နှုန်း နီးပါးရှိနေကြောင်း၊ သေဆုံးမှုများလည်းရှိနေကြောင်း၊ သေဆုံးသူများကို အသုဘအခမ်းအနားလုပ်ခွင့်မပြုဘဲ သီးခြားအလောင်းကို သဂြိုလ်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ လက်ရှိတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ရာပေါင်းများစွာရှိနေပြီး သေဆုံးသူတချို့လည်းရှိနေကြောင်း၊ ဆေးရုံဆင်းသူမှာလည်း ၅၀၀ ကျော်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကာလဝမ်းရောဂါကူးစက်ခံရပြီး သေဆုံးသူ ဦးထွန်းလွင်၏ နာရေး ကို ကူးစက်ရောဂါကြောင့် သေဆုံးမှုဖြစ်၍ သီးသန့် သဂြိုလ်စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article