32 C
Yangon

ပခုက္ကူရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ များပြား

Must read

ပခုက္ကူရှိ စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ များပြား

ရန်ကုန်၊ ဇူလိုင် ၁၇

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၃ ခုကို တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦး သေ ဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ များပြားကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ -၂ Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၈ နာရီမှ ညနေ ၄ နာရီအချိန်အထိ ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ပန်းတိုင်းခြုံရွာ စစ်တပ် ဂိတ်စခန်း၊ GTC ကျောင်းရှိ ဂိတ်စခန်းနှင့် လေယာဥ်ကွင်းရှိ စစ်တပ်နှင့် ပျူစောထီး စခန်းတို့ ကို တော်လှန်ရေး တပ်ဖွဲ့များက RC Plane ဒရုန်းများဖြင့် တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ပခုက္ကူမြို့နယ်ထဲက စစ်ခွေးတွေ တပ်စွဲထားတဲ့ နေရာ ၃ ခုကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ RC Plane ၁၀ စီးကျော်နဲ့ ဗုံးသီးတွေ အလုံး ၅၀ ကျော် ကျဲချနိုင်တယ်။ စစ်ခွေး ထိခိုက်သေဆုံးမှုများတယ်။ စစ်ခွေး ၅ ကောင်သေပြီး ၁၅ ကောင်ထက် မနည်း ဒဏ်ရာရတယ်” ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ -၂ Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ပြော ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ -၂ Shwe Nyar Myae PDF နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article