29 C
Yangon

စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက စဉ့်ကူးမြို့တစ်ခုလုံးကို လေကြောင်းဖြင့် ဗုံးကျဲမှု နေအိမ်အများအပြား ပျက်စီး

Must read

စဉ့်ကူးမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်အရာရှိနှင့်စစ်သည်များ၊ လက်နက်ခဲယမ်းအများအပြား ဖမ်းဆီးရရှိထား

ရန်ကုန်၊ ဇူလိုင် ၁၈

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က စဉ့်ကူးမြို့တစ်ခုလုံးကို လေကြောင်းဖြင့် ဗုံးကျဲချသဖြင့် နေအိမ်အများအပြား ပျက်စီးသွားကြောင်း စဉ့်ကူးမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၆ ရက်နေ့ ညပိုင်းနှင့် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် စဉ့်ကူးမြို့ကို စစ်ကောင်စီတပ်များက လေကြောင်းဖြင့် ဆက်တိုက် ဗုံးများကျဲချခဲ့ကြောင်း၊ လက်ရှိ စဉ့်ကူးမြို့တွင် စစ်ကောင်စီတပ်များ မရှိတော့ဘဲ စဉ့်ကူးမြို့မရဲစခန်းတွင်လည်း စစ်ကောင်စီတပ်များ မရှိတော့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“စဉ့်ကူးမှာတော့ စစ်တပ်လည်းမရှိတော့ဘူး။ ဌာနဆိုင်ရာရုံးတွေနဲ့ ရဲစခန်းတွေမှာလည်း စစ်ခွေးတွေ မရှိတော့ဘူး။ တိုက်ပွဲကတော့ အပြင်းအထန်ဖြစ်ခဲ့တာ။ ဇူလိုင် ၁၆ ရက်နေ့ ည သန်းခေါင်ယံကစပြီး မနေ့ ဇူလိုင်လ ၁၇ ရက်နေ့ မနက်ပိုင်းအထိ တိုက်လေယာဉ်တွေ၊ ဗုံးကျဲလေယာဉ်တွေနဲ့ ဗုံးကျဲတာ။ ဆက်တိုက်ပဲ။ မြို့ကတော့ အတော်ပျက်စီးသွားတယ်။ ထိခိုက်သေဆုံးမှုတွေလည်းရှိတယ်။ အတိအကျကတော့ မသိရသေးဘူး။ ပျက်စီးမှုတော့ အရမ်းကို ကြီးမားပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုကမူ စဉ့်ကူးမြို့ကို စစ်ကောင်စီတပ်က Y 12 လေယာဉ်၊ တိုက်လေယာဉ်များဖြင့် ဗုံးအလုံးပေါင်း ၄၀၀ ထက်မနည်း ကျဲချခဲ့ကြောင်း၊ တော်လှန်ရေးတပ်များက စဉ့်ကူးမြို့ ပတ်ဝန်းကျင်တွင် ရှိနေကြောင်း ပြောဆိုသည်။

ရန်ကုန်ခေတ်သစ် သတင်းဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ထံသို့ စဉ့်ကူးမြို့ တိုက်ခိုက်သိမ်းပိုက်မှုနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရာ လက်ရှိအချိန်အထိ ပြန်လည် ဖြေဆိုခြင်းမရှိသေးပေ။

အခြားသော တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုကမူ စဉ့်ကူးမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရရှိသော အရာရှိနှင့် စစ်သား များရှိကြောင်း ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article