27 C
Yangon

တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်သားများနှင့် တပ်စခန်းများကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား

Must read

ရန်ကုန်၊ ဇူလိုင် ၁၉

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်း ဖက် စစ်သားများနှင့် တပ်စခန်းများကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃၀ ကျော် ထက်မနည်း သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း (Myingyan District Army-3_MDA-3_Taungtha Youth) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် တောင်သာမြို့နယ်၊ ဇရက်ကြီးရွာကို အကြမ်းဖက် စစ်တပ်က အင်အား ၁၅၀ ခန့်ဖြင့် လက်နက်ကြီးများ ပစ်ခတ်ကာ ဝင်ရောက် စီးနင်းခဲ့သောကြောင့် မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ သွားရောက် တိုက်ခိုက်ခဲ့ပြီး ကနဦး မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း ထိခိုက်‌သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းနေ့ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း စခန်းချရာ နေရာကို မြင်းခြံခရိုင် တပ်ရင်း ၃ နှင့် တောင်သာ ပကဖ တို့က အနီးကပ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ၇ ဦးထက်မနည်း သေဆုံးပြီး G‌-3 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့လည်း အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို 35 အဖွဲ့ ၊ တပ်ရင်း ၉ နှင့် နွားထိုးကြီး ပကဖ တို့က စစ်ကူ ဝင်ရောက် ဝန်းရံမှုဖြင့် ပြောက်ကျားစနစ်ဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇူလိုက်လ ၁၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တောင်သာမြို့ အထွက်တွင် တပ်ဆွဲနေထိုင်သည့် အကြမ်းဖက် စစ်ကောင်စီ အင်အား ၄၀ ခန့်ရှိ ပိဿတိုးတောင်ပေါ်ကို မြင်းခြံခရိုင် တပ်ရင်း ၃ က စစ်သုံ့ပန်းများထံမှ သိမ်းဆည်းရရှိသော လက်နက်ကြီး ၆၀ မမ ဖြင့် ၄ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ နံနက်ပိုင်း ၉ နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များက အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း၊ မွန်းလွဲပိုင်းတွင် ဇရက်ကြီးရွာမှ တောင်သာမြို့ကို ပြန်လည် ဆုတ်ခွာသွားသော စစ်ကြောင်းကို မြင်းခြံခရိုင် တပ်ရင်း၄ ၊ ခရိုင်ဒရုန်းTeam တို့မှ Drop ဗုံးဖြင့် စစ်ကူပြီး မြင်းခြံခရိုင် တပ်ရင်း ၃ က ၆၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ အထိနာပြီး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်းအမှတ် ၃ နှင့်အတူ စစ်ကူအဖြစ် လာရောက် ဝန်းရံပေးသော မြင်းခြံခရိုင် တပ်ရင်း အမှတ် ၄ ၊ မြင်းခြံခရိုင်တပ်ရင်းအမှတ် ၈ ၊ မြင်းခြံခရိုင် တပ်ရင်း ၉ ၊ တောင်သာ ပကဖ ရဲဘော်များ ၊ မလှိုင် ပကဖ အဖွဲ့ နှင့် နွားထိုးကြီး ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article