32 C
Yangon

စဉ့်ကူး၊ ထုံးကြီးစစ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်မှု ပျူစောထီး ခေါင်းဆောင် ကျော်စိုးကို အရှင်ဖမ်းမိပြီး ပျူစောထီး အများအပြား အလံဖြူထောင် လက်နက်ချ

Must read

ရန်ကုန်၊ ဇူလိုင် ၁၉

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ထုံးကြီးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်လိုက်ပြီး ပျူစောထီး ခေါင်းဆောင် ကျော်စိုးကို အရှင်ဖမ်းမိကာ ပျူစောထီး အများအပြား အလံဖြူထောင် လက်နက်ချခဲ့ကြောင်း စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့တွင် စဉ့်ကူးမြို့နယ်၊ ထုံးကြီးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ထုံးကြီးရွာ ဥက္ကဋ္ဌ ပျူစောထီး ခေါင်းဆောင် ကျော်စိုး ထွက်ပြေးစဉ် အရှင် ဖမ်းဆီးရမိပြီး ကျန်ရှိနေသော ပျူစောထီး ၄၉ ဦးသည် မြို့နယ် ပကဖ အဖွဲ့ကို ချိတ်ဆက်ပြီး အလံဖြူထောင် လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ အကြမ်းဖက် စစ်တပ် စခန်းရှိ စစ်ဗိုလ် ထက်လွင်အောင်နှင့် စစ်သား ၈ ဦးသည် ထုံးကြီးရွာမှ ရွာသာယာရွာကို ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရှိရသည်။

“စစ်ခွေးဗိုလ် ထက်လွင်အောင်နဲ့ စစ်ခွေး ၈ ကောင်က ထုံးကြီးကနေ ရွာသာယာကို ထွက်ပြေးသွားတယ်။ ထုံးကြီးရွာ ဥက္ကဋ္ဌ ပျူစောထီး ခေါင်းဆောင် ကျော်စိုးကတော့ ထွက်ပြေးလို့ ဖမ်းမိတယ်။ ကျန်တဲ့ ပျူစောထီး ၄၉ ဦးကတော့ မြို့နယ် ပကဖ နဲ့ ချိတ်ဆက်ပြီး အလံဖြူထောင် လက်နက်ချတယ်။ သေနတ် ၁ ချက် ဖောက်စရာမလိုဘဲ ထုံးကြီးစခန်းကို သိမ်းပိုက်ရရှိတယ်” ဟု စဉ့်ကူးမြို့နယ် မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စဉ့်ကူးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဇူလိုင်လ ၁၆ ရက်နေ့တွင် သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန် လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article