27 C
Yangon

လားရှိုးနှင့် မိုးကုတ်တွင် ၄ ရက်အကြာ အပစ်အခတ်ရပ်စဲရေး တိုက်ပွဲများနှင့် အဆုံးသတ်ပြီးနောက် ယနေ့ နံနက်ပိုင်း တိုက်ပွဲများ အပြင်းအထန်ဖြစ်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၁၉

လားရှိုးမြို့နယ်နှင့် မိုးကုတ်မြို့နယ်တွင် ဇူလိုင်လ ၁၄ ရက်နေ့မှ ဇူလိုင်လ ၁၈ ရက်နေ့ အထိ ၄ ရက်အကြာ အပစ်အခတ်ရပ်စဲရေးမှာ တိုက်ပွဲများနှင့်အဆုံးသတ်သွားပြီးနောက် ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲများ အလွန်ပြင်းထန်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်မှစတင်ပြီး လားရှိုးမြို့နယ်တွင် ပစ်ခတ်သံများ ဆက်တိုက်ကြားရပြီး လားရှိုးမြို့ပေါ်တွင် လက်နက်ကြီး ၆ လုံးကျရောက်ပေါက်ကွဲကြောင်း၊ အပြန်အလှန်ပစ်ခတ်သံများဖြင့် ရှမ်းကုန်းနှင့် ၄၁ ဘက်တို့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရှိရသည်။

“လားရှိုးမှာ ဖုန်းလိုင်းတွေ တော်တော်များများ ဆက်မရတော့ဘူး။ မနက် ၅ နာရီလောက်ကတည်းက လက်နက်ကြီး လက်နက်ငယ် အသံအစုံပဲ။ လက်နက်ကြီးတွေ ၆ လုံးလောက်ကျတယ်။ ဘယ်သူမှ အပြင်မထွက်ရဲသေးဘူး။ ထိခိုက်သေဆုံးတာရှိနိုင်တယ်။ အသံစုံထွက်နေချိန် ထွက်ရင် အန္တရာယ်ရှိလို့ ငြိမ်သွားမှပဲ ထွက်ကြည့်လို့ရမယ်” ဟု လားရှိုးဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့အတူ မိုးကုတ်မြို့နယ်တွင်လည်း ယနေ့ နံနက် ၅ နာရီဝန်းကျင်းမှ စတင်ပြီး ပစ်ခတ်တိုက်ခိုက်မှုများဖြင့် အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လျက်ရှိကြောင်း၊ လက်နက်ကြီးကျည်များ ပြည်သူများ၏ နေအိမ်များအပေါ်သို့ ကျရောက်မှုရှိပြီး လူထိခိုက်မှု သတင်းမကြားရသေးကြောင်း၊ မိုးကုတ်အရှေ့ပိုင်းတွင် စစ်ကောင်စီ၏ ဗျူဟာကုန်းတစ်ခုတည်းသာ ကျန်ရှိနေတာ့ပြီး မကြာမီ ဗျူဟာကုန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိတော့မည်ဆိုသော သတင်းများ ထွက်ပေါ်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“မိုးကုတ် အရှေ့ပိုင်းတော့ဒီမနက်ပိုင်း အသံပေါင်းစုံနဲ့ပဲ။ မနေ့ညကလည်း တောက်လျှောက် လက်နက်ကြီးတွေ ပစ်နေတာ။ မိုးကုတ်အရှေ့ပိုင်းမှာတော့ စစ်တပ် ဗျူဟာကုန်းပဲ ကျန်တော့တာ။ အဲဒါလည်း မကြာမီ ရတော့မယ်လို့ သတင်းတွေ ထွက်နေတယ်။ မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်ကတော့ တော်လှန်ရေးတပ်တွေ သိမ်းထားပြီးပြီ။ အရှေ့ပိုင်းပဲကျန်တော့တာ။ လက်နက်ကြီးတွေ ပြည်သူတွေ အိမ်အပေါ်ကို ကျတယ်။ ဒါပေမယ့် အားလုံး စစ်ဘေးရှောင်နေကြလို့ လူထိခိုက်မှုတော့ မရှိသေးဘူး” ဟု မိုးကုတ်ဒေသမှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လားရှိုးနှင့်မိုးကုတ်မြို့တို့တွင် ဇွန်လ ၂၅ ရက်နေ့မှ တိုက်ပွဲများ စတင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ဆိုလိုလျှင် တိုက်ပွဲဖြစ်ပွားမှု ၁ လနီးပါး ကြာမြင့်လာပြီဖြစ်ကာ အရပ်သားသေဆုံးမှုများလည်း ဆက်လက် မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယခုရက်ပိုင်းအတွင်း မိုးကုတ်အရှေ့ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယခုရက်ပိုင်းအတွင်း မိုးကုတ်အရှေ့ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article