ရန်ကုန်၊ ဇူလိုင် ၂၃
ရန်ကုန်မြို့ ရန်ကုန် ဘူတာကြီးနားတွင် စမ်းချောင်းပင်မသပိတ်စစ်ကြောင်း(Sc Strike) နှင့် Revolution Force(RF) တို့ ပူးပေါင်း၍ “ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” စာတန်းချိတ်ဆွဲခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ဥပဒေမဲ့ ကိုဖြိုးဇေယျာသော် ခေါ် ကိုမောင်ကျော်၊ကိုဂျင်မီ ခေါ် ကိုကျော်မင်းယု၊ ကိုလှမျိုးအောင် ခေါ် ကိုမျိုးနှင့် ကိုအောင်သူရဇော် ခေါ် ကိုဂတုံး တို့ကို ကြိုးပေးသတ်ဖြတ်ခဲ့သည်မှာ ၂ နှစ်တိတိပြည့်မြောက်ခဲ့ပြီဖြစ်သည့်အပြင် အကြမ်းဖက်စစ်တပ်သည် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်/ကျဉ်းများကို မကြာခဏ ထောင်ပြင်ထုတ်ပြီး အကြမ်းဖက်သတ်ဖြတ်ခဲ့မှုများ အပါအဝင် ပြည်သူများအပေါ် အကြမ်းဖက်လုပ်ဆောင်နေမှုများကို ကမ္ဘာတည်သရွေ့ ဥဒါန်းကြေမည်မဟုတ်ဟူသည့် ရည်ရွယ်ချက်နှင့် ချိတ်ဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



