32 C
Yangon

လားရှိုးမြို့ပေါ်တွင် MNDAA က ကင်းလှည့်နေပြီး ပြည်သူများကို လေကြောင်းရန် အသိပညာပေးမှုနှင့် ထောက်ပံ့မှုများ လုပ်ဆောင်

Must read

လားရှိုးမြို့ပေါ်တွင် MNDAA က ကင်းလှည့်နေပြီး ပြည်သူများကို လေကြောင်းရန် အသိပညာပေးမှုနှင့် ထောက်ပံ့မှုများ လုပ်ဆောင်

ရန်ကုန်၊ ဇူလိုင် ၂၇

လားရှိုးမြို့အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အကြွင်းအကျန်များကို ရှာဖွေရန်၊ လုံခြုံရေးဆောင်ရန်နှင့် ဒေသပြည်သူများကို​လေကြောင်းရန် ကာကွယ်ရေး အသိပညာပေးရန်နှင့်ကူညီမှုများ ဆောင်ရွက်ပေးရန် MNDAA က ကင်းလှည့် လုပ်ဆောင်နေကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

MNDAA က လားရှိုးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြန့်ကျက်ချထားပြီး တစ်ချိန်တည်းတွင် စစ်ကောင်စီအကြွင်းအကျန်များကို နယ်မြေရှင်းလင်းရန် အရှိန်မြှင့်လုပ်ဆောင်နေကြောင်း၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် MNDAA က လားရှိုးမြို့ကို သိမ်းယူလိုက်ကြောင်း၊ MNDAA မြို့တော် အထူး အုပ်ချုပ်ရေး ဒေသ ရဲတပ် ဖွဲ့ သည် အများပြည်သူ တည်ငြိမ် အေးချမ်း စေရန် နှင့် လုံခြုံရေး ပေးမှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။

တစ်ချိန်တည်းမှာပင် လားရှိုးမြို စစ်ဘက်အုပ်ချုပ်ရေးကော်မရှင်ကို အုပ်ချုပ်ရေးနှင့်ပြန်လည်တည်ဆောက်ရေးတို့အတွက် တာဝန်ယူရန် ဖွဲ့စည်းခဲ့ကြောင်း၊ ၊လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံ ဖမ်းဆီးနေဆဲဖြစ်ကြောင်း၊ လားရှိုးမြို့၏ အများပြည်သူလုံခြုံရေးကို ထိန်းသိမ်းရန်အတွက် ယမန်နေ့တွင် လားရှိုးမြို့ တော်ခန်းမ၊ ရဲစခန်း၊ တပ်မ ၄၁၊ ၉၁၂ အင်ဂျင်နီယာ တပ်ရင်း၊ လားရှိုး မြို့ ဆေးရုံနှင့် အခြားနေရာများနှင့် ရပ်ကွက်များသို့ ကင်းလှည့်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင်လားရှိုး ပြည်သူများနှင့် သွားရောက်တွေ့ဆုံ၍ လေကြောင်းရန် တားဆီး ကာကွယ်ရေး အသိပညာပေးခဲ့ကြောင်း၊ ကူညီမှုများလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article