27 C
Yangon

NUG ဝန်ကြီး ဦးအောင်မျိုးမင်း ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံ

Must read

NUG ဝန်ကြီး ဦးအောင်မျိုးမင်း ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၂၇

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည်ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့နှင့် ဇူလိုင် ၂၆ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါတွေ့ဆုံမှုတွင် မြန်မာ့အရေးကို လှုပ်ရှား ဆောင်ရွက်နေသည့် မြန်မာနှင့် ဖိလစ်ပင်းတက်ကြွလှုပ်ရှားသူများအဖွဲ့လည်း ပါဝင်ကြောင်း၊ ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ Hon.Richard P.Palpal-Latoc ၊ ကော်မရှင်နာ Hon.Faydah Maniri Dumarpaတို့ နှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက်စစ်အုပ်စုပေါ်တွင် နိုင်ငံတကာမှ အရေးယူဆောင်ရွက်နေမှုအခြေအနေများ၊လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်၍ တာဝန်ခံမှုနှင့် သက်ဆိုင်သော လှုပ်ရှားတောင်းဆိုမှုများအခြေအနေနှင့် ဖိလစ်ပိုင်နိုင်ငံနှင့် အစိုးရ၏ မြန်မာနိုင်ငံအပေါ် သဘောထားများ နှင့် ပတ်သက်၍ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဖိလစ်ပိုင်လူ့အခွင့်အရေးကော်မရှင်အနေနှင့် မြန်မာ့အရေးတက်ကြွလှုပ်ရှားနေသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေကို ပိုမိုသိရှိနားလည်အောင် ဆောင်ရွက်ပြီးနိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း NUG အစိုးရက ထုတ်ပြန်သည်။

ထို့ပြင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းရန်ကြိုးပမ်းစဉ်ကစ၍ ယခုအချိန်အထိ အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထုတ်ဖော်ပြောကြားခြင်း၊ ချိုးဖောက်ခံပြည်သူများနှင့် ရပ်တည်ချက် အလျဉ်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုဘက်တွင် ရပ်တည်နေသည့် အခြေအနေများ၊ ပြည်သူလူထု၏ လေးစားယုံကြည် အားကိုးမှု ပျောက်ဆုံးနေသည့် အခြေအနေများကို တက်ရောက်လာသူများက တင်ပြခဲ့ပြီး ပဲရစ်မူဝါဒ နှင့်အညီ လူ့အခွင့်အရေးချိုးဖောက်မှုများကို စွမ်းစွမ်းတမံတားဆီးခြင်း၊လူ့အခွင့်အရေးပညာပေးမြှင့်တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်နိုင်မှု မရှိခြင်းကြောင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ပါဝင်နေသည့် ဒေသတွင်းဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းများတွင် အသိအမှတ်မပြုရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article