27 C
Yangon

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းနှင့် တကောင်းတောင်ပေါ် ရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၂ ဦး အရှင်မိ၊ သေနတ် ၂၂ လက် သိမ်းဆည်းရရှိ

Must read

သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းနှင့် တကောင်းတောင်ပေါ် ရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၂ ဦး အရှင်မိ၊ သေနတ် ၂၂ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၂၇

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရဲစခန်းနှင့် တကောင်းတောင်ပေါ် ရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၂ ဦး အရှင်မိကာ သေနတ် ၂၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ က ပြောဆိုသည်။

ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာရှိ ရဲအုပ် ကျော်ဝဏ္ဏထွန်း (စခန်းမှူး) ဦးစီးသော ရဲ အင်အား (၉) ဦးရှိသည့် တွင်းငယ် ရဲစခန်းကို မန္တလေးတိုင်း တာဝန်ခံရုံး ကွပ်ကဲ၍ အမှတ် (၅၀၉) တပ်ရင်း၊ KIA/KPDF၊ ABSDF နှင့် သပိတ်ကျင်းမြိုနယ် ပကဖ တို့က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရကာ ၂ ဦး ဖမ်းဆီးရမိကြောင်း၊ ထို့ပြင် စစ်ကောင်စီ တပ်သား ၂ ဦး ပျောက်ဆုံးနေပြီး ၎င်းတို့ထံမှ လက်နက်ငယ် ၉ လက်၊ ကျည်မျိုးစုံ ၁၁၀၃ တောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ ကျည်အိမ် ၁၉ ခု၊ Equipment ၅ ခု၊ ကျောပိုးအိတ် ၂ လုံး၊ ခါးပတ် ၁ ခု၊ ဘေးအိတ် ၃ လုံး၊ ဦးထုပ် ၂ လုံး၊ စကားပြောစက် ၂ လုံး၊ လက်ကိုင်ဖုန်း ၆ လုံး၊ keypad ဖုန်း ၂ လုံး တို့ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ထို့ပြင် ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင်လည်း တကောင်းတောင်ပေါ်ရှိ ရဲကင်းစခန်းကို အထူးလှုပ်ရှား တပ်ရင်း-၃ နှင့် သပိတ်ကျင်းမြိုနယ် ပကဖ တို့က ဝင်ရောက်စီးနင်း သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက်ငယ် ၁၃ လက်၊ ကျည်မျိုးစုံ ၁၀၀၀ ကျော်၊ ကျည်အိမ် ၂၈ ခုတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article