စစ်ကောင်စီကို တိုင်းရင်းသားများနှင့် တော်လှန်ရေးတပ်များ ပူးပေါင်းတိုက် ခိုက်မှုကြောင့် အရှိန်ကြီးမားသော အောင်မြင်မှုများ ဆက်လက်ရရှိမည်ဟုဆို
ရန်ကုန်၊ ဇူလိုင် ၂၉
စစ်ကောင်စီကို တိုင်းရင်းသားများနှင့် တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အရှိန်ကြီးမားသော အောင်မြင်မှုများ ဆက်လက်ရရှိမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန် ကြီးဌာန၊ လုံခြုံရေးဆိုင်ရာ အာရှပစိဖိတ်လေ့လာရေးဌာန၊ အမေရိကန်ကာကွယ်ရေးတပ်ဖွဲ့ ဒုတိယဗိုလ်မှူး ကြီး (ငြိမ်း)၊ ပါမောက္ခ ဒေါက်တာဒေါ်မီမီဝင်းဘတ်က ပြောဆိုလိုက်သည်။
ယမန်နေ့ ဇူလိုင်လ ၂၈ ရက်နေ့ (မြန်မာစံတော်ချိန် ဇူလိုင်လ ၂၉ ရက်နေ့) အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စ္စကိုမြို့တွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ပါမောက္ခ ဒေါက်တာဒေါ်မီမီဝင်းဘတ်က ထိုသို့ သုံးသပ် ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ဒေါက်တာမီမီဝင်းဘတ် ပြောတာကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်း တိုက် ခိုက်မှုတွေကြောင့် အခုရရှိနေတဲ့ ပိုပြီးတော့ ကြီးမားတဲ့ အရှိန်မြင့်တဲ့ အောင်မြင်မှုတွေ လာတော့မယ်လို့ ပြောတယ်။ နောက်တစ်ခုကတော့ ရှမ်းမြောက်မှာရှိတဲ့ တိုင်း ရင်းသားလက်နက်ကိုင်တပ်တွေအနေနဲ့ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး ကောင်းကောင်းကိုင်တွယ်နိုင်တယ်။ တရုတ်ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကို ရှမ်းမြောက်အဖွဲ့တွေက နားလည် တယ်လို့ သုံးသပ်ပြောသွားပါတယ်” ဟု တွေ့ဆုံပွဲ ပွဲ တက်ရောက်ခဲ့သည့် အမေရိကန်ရောက် မြန်မာတစ်ဦးက ပြောဆိုသည်။
ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်သည် စစ်အာဏာရှင် အမြစ်ဖြတ် တွန်းလှန်နေနေသည့် နွေဦးတော်လှန်ရေးကို ပံ့ပိုးနိုင်ရေးနှင့် တော်လှန်ရေး ပိုမိုအားကောင်းလာရေး အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာသို့ လှည့်လည်ပြီး စည်းရုံးလှုံ့ဆော်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။