လားရှိုးမြို့တွင် MNDAA တပ်ဖွဲ့၏ အထူးအုပ်ချုပ်ရေး ဒေသ ၁ ရဲစခန်းမှ တပ်ဖွဲ့များ လုံခြုံရေး စတင်တာဝန်ယူ
ရန်ကုန်၊ ဇူလိုင် ၂၉
လားရှိုးမြို့တွင် MNDAA တပ်ဖွဲ့၏ အထူးအုပ်ချုပ်ရေး ဒေသ ၁ ရဲစခန်းမှ လုံခြုံရေး တပ်ဖွဲ့များ ပြည်သူ့ လုံခြုံရေးအတွက် စတင်တာဝန်ယူ လုပ်ဆောင်နေကြကြောင်း သိရသည်။
လက်ရှိချိန်တွင် လားရှိုးမြို့တွင်း ကင်းလှည့်မှုများကို မဟာမိတ် လုံခြုံရေးတပ်ဖွဲ့များက တိုးမြှင့်လုပ်ဆောင်နေပြီး လုယက်ခိုးယူမှု အပြုအမူကို ထပ်မံတွေ့ရှိပါက ပြင်းထန်စွာ အရေးယူမည်ဖြစ်ဟု သတိပေးထားသည်။
ထို့ပြင် စားနပ်ရိက္ခာပြတ်လပ်မှု ဆေးဝါးထောက်ပံ့မှုစသည့် အခက်အခဲများ ကြုံတွေ့ရပါက MNDAAတပ်များထံ အကူအညီတောင်းခံနိုင်ပြီး မဟာမိတ်တပ်များကလည်း အဆိုပါ ပြဿနာကို ကူညီဖြေရှင်းပေးမည်ဖြစ်ကြောင်းကိုပါ MNDAA တပ်ဖွဲ့က အသိပေး ပြောဆိုထားသည်။