35 C
Yangon

နောင်ချို၊ ကျောက်မဲ နှင့် မိုးမိတ်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ် ကင်းစခန်းနှင့် လက်ကျန်စခန်းများကို တိုက်ခိုက် သိမ်းပိုက်မှု သေနတ် ၁၁ လက် သိမ်းဆည်းရရှိ

Must read

နောင်ချို၊ ကျောက်မဲ နှင့် မိုးမိတ်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ် ကင်းစခန်းနှင့် လက်ကျန်စခန်းများကို တိုက်ခိုက် သိမ်းပိုက်မှု သေနတ် ၁၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၂၉

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ၊ ကျောက်မဲမြို့နယ် နှင့် မိုးမိတ်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ် ကင်းစခန်းနှင့် လက်ကျန် စခန်းများကို တိုက်ခိုက်သိမ်းပိုက်ရာ သေနတ် ၁၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း TNLA က ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင် မိုးမိတ်မြို့၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်၏ ခမရ ၃၄၈ တပ်ရင်းတို့နှင့် တိုက်ပွဲ ဖြစ်ပွားရာ အကြမ်းဖက် စစ်ကောင်စီတပ်၏ အဝေးကင်း စခန်း ၁ ခုကို တအာင်းတပ်မတော် TNLA က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မိုးမိတ် ဗျူဟာကုန်းကိုလည်း ယနေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင်တွင် တအာင်းတပ်မတော် TNLA င စစ်ဆင်ရေး ဆက်လက် ပြုလုပ်လျက်ရှိပြီး အကြမ်းဖက် စစ်ကောင်စီ၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ ၂၁ ၊ ခလရ ၃၄၈ တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အလားတူ ကျောက်မဲမြို့နယ်တွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ် ၏ ခမရ ၅၀၂ တပ်စခန်းက မန်အောင် ဘုန်းတော်ကြီးကျောင်းဘက်ကို ယနေ့ နံနက် ၁၁ နာရီမှ ၁၂ နာရီအထိ ဟောင်ဝှစ်ဇာ လက်နက်ကြီး အလုံး ၃၀ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ ၁ လက်အောက်ခံ ခမရ ၅၀၁၊ ၅၀၂ ရှိ လွယ်ခွန်တောင်နှင့် တာဝါတိုင် စခန်းကုန်းများကို တအာင်းတပ်မတော် TNLA က တိုက်ပွဲဆင်နွှကာ ယနေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ လက်ကျန်စခန်းများကို လိုက်လံ ရှင်းလင်းရာတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများထံမှ သေနတ် ၁၁ လက် သိမ်းဆည်းရမိထားကြောင်း သိရှိရသည်။

နောင်ချိုမြို့နယ် ရေဖြူဘုန်းကြီးကျောင်းအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သည် ရေဖြူဘုန်းကြီးကျောင်းမှ တအာင်းတပ်မတော် TNLA တပ်ဖွဲ့ဝင်များ တည်ရှိရာဘက်ကို ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နောင်ချိုမြို့သည် တအာင်းတပ်မတော် TNLA မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း TNLA က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article