24 C
Yangon

ပဲခူးမြို့ မှာ လူပေါင်း ၅၀၀၀၀ နီးပါး ရေဘေးသင့်နေပြီး ကယ်ဆယ်ရေးစခန်း ၂၇ ဖွင့်လှစ်ထားရ၊ ပဲခူးမြစ် စိုးရိမ်ရေအထက် ၄ ပေ ရေတက်နေ

Must read

ရန်ကုန် ၊ ဇူလိုင် ၃၀

ပဲခူးမြို့က ရပ်ကွက်နဲ့ကျေးရွာ ၃၀ နီးပါးမှာ ရေဘေးကြုံတွေ့နေရပြီး ကယ်ဆယ်ရေးစခန်း ၂၇ ခုဖွင့်လှစ်ထားရ တယ်လို့ ကူညီရေးကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေထံက သိရပါတယ်။

ဇူလိုင် ၂၉ ရက်နေ့ ညနေပိုင်းအထိ ပဲခူးမြို့မှာ ရေဘေးဒုက္ခသည် ငါးသောင်းကျော်အထိ ရှိလာနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေတက်လာလို့ ဇူလိုင် ၂၆ ရက်ကစတင်ပြီး ပဲခူးမြို့ က ရပ်ကွက်နဲ့ကျေးရွာ ၃၀ နီးပါးမှာ ရေဝင်ရောက်နေကာ အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေရ တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကယ်ဆယ်ရေးစခန်း ၂၇ ခုထိဖွင့်ထားရပြီးကယ်ဆယ်ရေးစခန်းတွေမှာရောက်ရှိနေတဲ့ ရေဘေးသင့်ပြည်သူတွေကို အလှူရှင်တချို့က ထမင်းထုပ်၊ ရေသန့်တွေကို ဝေငှနေပေမယ့် လူဦးရေများတာကြောင့် လိုအပ် ချက်တွေရှိနေတယ်လို့လည်း ဆိုပါတယ်။

“အခုမနက်ပိုင်းရေစီးတွေလည်းပိုသန်လာနေတယ်၊ ဒီဘက်က သဲအိတ်တွေနဲ့ကာထားလို့သာ အရမ်းမဆိုးတာ တဖြည်းဖြည်းနဲ့များလာပြီ၊ ရေလွတ်တဲ့ နေရာကို ရွှေ့ပြောင်းနေထိုင်နေရတာ။ မနေ့ကတော့ တစ်အိမ်ထောင်ကို ကြက်ဥပြုတ်နဲ့ ထမင်းတစ်ထုပ်စီဝေတယ်” လို့လည်း ကယ်ဆယ်ရေးစခန်းတစ်ခုထဲရောက်ရှိနေသူတစ်ဦးက ပြောပါတယ်။

အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ဇိုင်းတောင်၊ ဇိုင်းမြောက်၊ မဟာမြိုင်နဲ့ ထန်းတောကြီး စတဲ့ရပ်ကွက်တွေအပါအဝင် ကျေးရွာ၊ ရပ်ကွက် ၃၀ ကျော်နဲ့ ပဲခူးမီးရထားဝန်းထဲက အိမ်နေတွေလည်း ရေကြီးနစ်မြုပ်နေတယ်လို့ ဆိုပါတယ်။

ပဲခူးမြို့အနီး မဇင်းရေလှောင်တမံပါ ရေလျှံကျလာတာကြောင့် မြစ်ရေပိုမြင့်လာတာလို့လည်း ဒေသတွင်းသတင်းရင်းမြစ်တစ်ဦးမှာ ပြောဆိုထားပါတယ်။

ဒါ့ပြင် ဇောင်းတူဆည်ဘောင်က ရေထိန်းတံခါးက ရေလွှတ်တာနဲ့ မှော်ကန်၊ ပန်းလှိုင် နဲ့ ပုဏ္ဏာစုရပ်ကွက်တွေဘက်က ရေတားသဲအိတ်တာဘောင်တွေကို ရေဖောက်ချ လွတ်ပေးနေတာကြောင့် ရပ်ကွက်တွေထဲ ဆည်ရေ အလုံးအရင်းနဲ့ ဝင်ရောက်နေတယ်လို့လည်း ဆိုပါတယ်။

ပဲခူးမြစ်ရေက ပဲခူးမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် ၄ ပေ ရေတက်နေပြီး နောက်တစ်ရက်မှာ ၂ လက်မခန့် ရေဆက်တက်နိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

ဇူလိုင်လဆန်းပိုင်းကစပြီး နိုင်ငံတစ်ဝန်းမှာမိုးသည်း ထန်ပြီး မြစ်ရေမြင့်တက်နေတာကြောင့် ရေကြီးရေလျှံမှုတွေ ဆက်တိုက်ဖြစ်နေပြီး စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေတဲ့ မြို့ ၁၂ မြို့ထိရှိလာပြီး ရေဘေးကြုံနေရပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article