ရန်ကုန်၊ဇူလိုင် ၃၁
ရန်ကုန်မြို့တွင် ကိုကိုးကျွန်းတိုက်ပွဲ ၅၃ နှစ်ပြည့် အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ ဇူလိုင် ၃၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင် သစ်လူငယ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ) နှင့် Yangon Revolution Force တို့ ပူးပေါင်းပြီး ကိုကိုးကျွန်း အစာငတ်ခံတိုက်ပွဲ ၅၃ နှစ်ပြည့်၊ ကိုကိုးကျွန်းသူရဲကောင်းများနေ့ “ရန်သူတကာကြောက်ဒူးတုန်ပါစေ ပြည်သူအပေါင်းရွှင်လန်းအားတက်ကြပါစေ” စာသားပါဘန်နာကို ချိတ်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူထုလှုံ့ဆော်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar