35 C
Yangon

မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာမှ ထွက်ပြေးလာသူ ၉ ဦးကို PDF တပ်ဖွဲ့များက ကယ်ထုတ် ၊ PDF တပ်ဖွဲ့က ပျူစောထီးရွာများကို ပိတ်ဆို့ထား၍ စားနပ်ရိက္ခာများ ပြတ်လပ်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၃၁

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာမှ ထွက်ပြေးလာသူ ၉ ဦးကို PDF တပ်ဖွဲ့များက ကယ်ထုတ်ခဲ့ပြီး PDF တပ်ဖွဲ့က ပျူစောထီးရွာများကို ပိတ်ဆို့ထား၍ စားနပ်ရိက္ခာများ ပြတ်လပ်နေကြောင်း Ghost Of Enemies အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင် မြိုင်မြို့နယ်၊ သရက်ကွရွာမှ ထွက်ပြေးလာသည့် အမျိုးသား ၃ ဦး ၊ အမျိုးသမီး ၃ ဦးနှင့် ကလေးငယ် ၃ ဦးကို PDF တပ်ဖွဲ့များက ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပျူစောထီးရွာကို Ghost Of Enemies အဖွဲ့ နှင့် ပူးပေါင်းတပ်ဖွဲ့များက ပတ်ပတ်လည် ဝိုင်းရံ ပိတ်ဆို့ထား၍ ရိက္ခာလမ်းကြောင်းများ ဖြတ်တောက်ထားသောကြောင့် ကျေးရွာအတွင်းရှိ ပျူစောထီးများ စားနပ်ရိက္ခာ ပြတ်လပ်နေ‌ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် သရက်ကွရွာမှ ပျူစောထီးများသည် နေ့စဉ် ကြောက်လန့်စွာ နေထိုင်ရပြီး တစ်ရက်ကို ထမင်း ၁ ကြိမ်သာ စားရပြီး မနက်ပိုင်းကို ဆန်ပြုတ်သာ သောက်နေရကြောင်း၊ ယင်း ထွက်ပြေးလာသူများကို PDF တပ်ဖွဲ့များက ကောင်းမွန်စွာ စောင့်ရှောင်ထားပြီး ဘေးကင်းသည့် နေရာကို ပို့ဆောင်ထားကြောင်း Ghost Of Enemies အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article