27 C
Yangon

ရန်ကုန်မြို့တွင် “ပြည်တော်ဝင်မယ်” အခါတော်ပေး စာတန်း ချိတ်ဆွဲ

Must read

ရန်ကုန်၊ ဩဂုတ် ၁

ရန်ကုန်မြို့တနေရာတွင် “ပြည်တော်ဝင်မယ်” စာသားအား တော်လှန်ရေး အလံပေါ်တွင်ရေးချယ်၍ စာတန်းချိတ်ဆွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုုလုပ်ခဲ့ကြောင်း ရေဘဝဲပြည်သူ့အကျိုး ပြု လူငယ်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ရန်ကုန်လူထုနှင့်အတူ ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲလျက်ရှိကြသော ညီနောင်မဟာမိတ် ၃ ဖွဲ့အပါ အဝင် ဟန်ချက်ညီညီလှုပ်ရှားနေကြသည့် တနိုင်ငံလုံးရှိ တော်လှန်ရေးအဖွဲ့အစည်းများနှင့် တသား တည်းရှိနေကြောင်း နှင့် နယ်မြေဒေသအသီးသီးမှ တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးရဲဘော်များ၊ စစ်ဘေးရှောင်များ၊ နိုင်ငံရေးအကျဥ်းသားများအားလုံး အခါတော်ချိန်ရောက်ပြီဖြစ်၍ ပြည်တော်ဝင် ကြရန် တိုက်တွန်းနှိုးဆော်ရန် ရည်ရွယ်ကာ အဆိုပါလှုပ်ရှားမှုအားပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article