ရန်ကုန်၊ ဩဂုတ် ၂
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးကျေးရွာအုပ်စုရှ တက်ကောတဲတိုက်ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူ ၂ ဦးကို မီးရှို့သတ်ဖြတ်ကာ နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ဩဂုတ်လ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးကျေးရွာအုပ်စုရှိ တက်ကောတဲတိုက်များကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူ ၂ ဦး ကို မီးရှို့သတ်ဖြတ်ကာ အိမ်ခြေ ၁၅ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ အသေးစိတ် အခြေအနေကို စုံစမ်းနေဆဲပါတယ်”ဟု ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က မီးရှို့ သတ်ဖြတ်သွားသည့် ပြည်သူများ၏ အမည်နှင့် ဖမ်းဆီးခံရသည့် ပြည်သူများ ရှိမရှိကိုလည်း ဆက်လက် စုံစမ်းဆဲဖြစ်ကြောင်း ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar