မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်၏ စီးပွားဘက် ဝေမင်းမောင် (Hay Play) စီစဥ်သည့် Novotel Hotel မှ “တကယ်ဆိုရင် အချစ်ပဲလိုတယ်” ဂီတပွဲတွင် စစ်အာဏာရှင် ဆန့်ကျင်ခဲ့သော အဆိုတော်တချို့ကိုပါ ထည့်သွင်းလာ
ရန်ကုန်၊ ဩဂုတ် ၃
အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်၏ စီးပွားဖက်ဖြစ်သော ဝေမင်းမောင် (Hay Play) က စီစဥ်သည့် “တကယ်ဆိုရင် အချစ်ပဲလိုတယ်” ဂီတ ဖျော်ဖြေပွဲ ကို Novotel Hotel တွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းဖျော်ဖြေပွဲတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လုပ်ဆောင်ခဲ့ကြသော အဆိုတော်များကို ထည့်သွင်းလာကြောင်း အနုပညာ အသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၁၀ ရက်နေ့တွင် အဆိုပါ ဖျော်ဖြေပွဲကို ပြုလုပ်မည်ဖြစ်ပြီး တေးရေး မေသော် ၏ သီချင်းများကို ဇော်ပိုင် ၊ ဟေမာနေဝင်း ၊ ချောစုခင် ၊ ဖြိုးပြည့်စုံ ၊ အိုင်ရင်းဇင်မာမြင့် ၊ ချမ်းမြေ့မောင်ချို ၊ အောင်ထက် ၊ နေမင်းအိမ် ၊ မီးနို ၊ ဂျူဝယ် ၊ ကေကေမိုး ၊ ဝတ်ရည်ထက် ၊ ဖြူဖြူဟန် နှင့် ဆုထက်လှိုင် တို့ ပါဝင်သီဆိုမည်ဖြစ်ကြောင်း ၊ယင်း ဖျော်ဖြေပွဲကို မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်၏ စီးပွားဖက်ဖြစ်သော ဝေမင်းမောင် (Hay Play) က စီစဥ်ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများ ဖျော်ဖြေပွဲတွင် ထည့်သွင်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။
ဝေမင်းမောင်နှင့် မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန် သည် Hay Play တွင် ရှယ်ယာများ ပါဝင်ထားကြောင်း၊ Hay Play ကို မြန်မာနိုင်ငံ စက်သုံးဆီများအသင်း ဥက္ကဋ္ဌ ဝင်းမြင့် ၏ သားဖြစ်သူ မြတ်မေတ္တာမွန် ဆီဆိုင်များ ပိုင်ဆိုင်သော ထက်ခိုင်ဝင်း က ပိုင်ဆိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ထက်ခိုင်ဝင်းသည် ပိုင်တံခွန်နှင့် ခွေး ၁ ကောင် အဓိက သရုပ်ဆောင်ထားသော ကံကောင်း ရုပ်ရှင်ကို ထုတ်လုပ်သူလည်း ဖြစ်ကြောင်း သိရှိရသည်။