27 C
Yangon

ရန်ကုန်ရှိ ပုဂ္ဂလိကကျောင်းများကို University ဟု မသုံးနှုန်းရန် စစ်ကောင်စီက ဖြုတ်ချခိုင်း

Must read

ရန်ကုန်ရှိ ပုဂ္ဂလိကကျောင်းများကို University ဟု မသုံးနှုန်းရန် စစ်ကောင်စီက ဖြုတ်ချခိုင်း

ရန်ကုန်၊ ဩဂုတ် ၃

ရန်ကုန်ရှိ ပုဂ္ဂလိကကျောင်းများကို University ဟု မသုံးနှုန်းရန် စစ်ကောင်စီက ဖြုတ်ချခိုင်းနေကြောင်း ပညာရေးအသိုင်းအ၀ိုင်းက ပြောသည်။

ရန်ကုန်မြို့ရှိ နာမည်ကြီး ပုဂ္ဂလိကတက္ကသိုလ်များအားလုံးကို University အသုံးအနှုန်း မသုံးရန်၊ University အစား ကောလိပ်ဟု ပြောင်းလဲ သုံးခိုင်းနေကြောင်း၊ ခိုင်မာသောအကြောင်းပြချက်မပေးဘဲ ထိုသို့ University စကားရပ်ကို ဖြုတ်ချခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“University များအား လိုအပ်ချက်ရှိ၍ ကောလိပ်အဆင့်ဖြင့် ခွင့်ပြုပါသည်။ University များအနေဖြင့် အမည်ပြောင်းလဲဖွင့်လှစ်ရန်ရှိသည်” ဟုမှတ်ချက်နှင့်တကွ ပုဂ္ဂလိကတက္ကသိုလ် (၄၀) ကျော် ကို ကောလိပ်အဆင့်ဖြုတ်ချလိုက်ကြောင်းကို အကြမ်းဖက်စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက ဇူလိုင် ၂၆ရက်နေ့ အမိန့်ကြေငြာစာ ပေးပို့ ထုတ်ပြန်ကြောင်း သိရှိရသည်။

စစ်ကောင်စီက အမိန့်စာပေးပို့လာပြီးနောက် ပုဂ္ဂလိကတက္ကသိုလ်ပိုင်ရှင်များ၊ ဝန်ထမ်းများနှင့် ဆရာဆရာမများအနေဖြင့် နားမလည်နိုင်ဘဲ မည်သည့်အကြောင်းပြချက်ကြောင့် ထိုသို့ University စကားရပ်ကို ဖြုတ်ချခြင်းဖြစ် သည်ကို မသိရှိကြကြောင်း ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article