27 C
Yangon

စဉ့်ကူးမြို့နယ်ရှိ ကံတောင်ရွာ ၊ ကျည်တောက်ပေါက်ရွာ နှင့် နွယ်ရုံ ရဲကင်းစခန်း အနီး ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲနေ

Must read

စဉ့်ကူးမြို့နယ်ရှိ ကံတောင်ရွာ ၊ ကျည်တောက်ပေါက်ရွာ နှင့် နွယ်ရုံ ရဲကင်းစခန်း အနီး ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲနေ

ရန်ကုန်၊ ဩဂုတ် ၄

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ ကံတောင်ရွာ ၊ ကျည်တောက်ပေါက်ရွာ နှင့် နွယ်ရုံ ရဲကင်းစခန်း အနီး ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က စဉ့်ကူးမြို့နယ်အတွင်းရှိ ကံတောင်ရွာ ၊ ကျည်တောက်ပေါက်ရွာ နှင့် နွယ်ရုံ ရဲကင်းစခန်း အနီး ပတ်ဝန်းကျင်ကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု ရှိမရှိနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ လက်ရှိချိန်တွင် ဖုန်းလိုင်းများလည်း ပြတ်တောက်နေကြောင်း သိရှိရသည်။

“စဉ့်ကူးမြို့နယ် ကံတောင်ရွာကို ဂျက်ဖိုက်တာ ၄ စီး၊ MI – 35 ၁ စီးနဲ့ လာရောက် ဗုံးကျဲ ပစ်ခတ်သွားတယ်။ ထိခိုက်မှုတွေတော့ အတိအကျ မသိရသေးပါဘူး။ Y12 လည်း ထပ်ရောက်နေတယ်။ ကံတောင်ရွာနဲ့ ကျည်တောက်ပေါက်ရွာ တစ်ဝိုက်ကို ကျဲနေတာ နွယ်ရုံရဲကင်းစခန်းနားကိုလည်း ကျဲနေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article