30 C
Yangon

Khit Thit သတင်းဌာန၏ ဩဂုတ် ၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့် ၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို အရှင်ဖမ်းမိခဲ့တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
  • MNDAAက လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် တိုင်းမှူးဖြစ်တဲ့ ဗိုလ်မှူးချုပ်စိုးလှိုင်ဟာ မူဆယ်ကနေ ထွက်ပြေးသွားတယ်လို့ ကြားသိရကြောင်း စစ်ဘက်သတင်း ရင်းမြစ်က ပြောပါတယ်။
  • မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ နွယ်ရုံရဲကင်း စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်လော်ဘီတွေကနေ ဝါဒဖြန့် သတင်းမှား ထုတ်ပြန်ခဲ့တဲ့ ရဲတပ်သားအောင်မိုးသူဟာ လက်နက် ၃ လက် ယူဆောင်လာပြီး မန္တလေး PDF ထံ အလင်းဝင်လာသူဖြစ်တယ်လို့ မန္တလေး PDF က ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article