26 C
Yangon

ကော့မှူးမှ စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းဆင်း တပ်သားသစ် လူငယ် ၄ ဦး လားရှိုးသို့ အပို့ခံခဲ့ရပြီးနောက် တိုက်ပွဲအတွင်း ၂ ဦးသေဆုံးကာ ၂ ဦးဒဏ် ရာရ

Must read

ကော့မှူးမှ စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းဆင်း တပ်သားသစ် လူငယ် ၄ ဦး လားရှိုးသို့ အပို့ခံခဲ့ရပြီးနောက် တိုက်ပွဲအတွင်း ၂ ဦးသေဆုံးကာ ၂ ဦးဒဏ် ရာရ

ရန်ကုန်၊ ဩဂုတ် ၅

ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်မှ စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်း တပ် သား သစ် လူငယ် ၄ ဦးသည် လားရှိုးမြို့သို့ အပို့ခံခဲ့ရပြီး တိုက်ပွဲအတွင်း ၂ ဦး သေဆုံးကာ ၂ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများထံမှ သိရသည်။

ဇူလိုင်လ ၃၀ ရက်နေ့ တန့်ယန်းမြို့နယ်မှ နမ့်မူဆယ်၊ နောင်လိုင်တို့ကို ဖြတ်သန်းပြီး လားရှိုးဘက်သို့ စစ်ကူသွားသော စစ်ကောင်စီတပ် အင်အား ၃၀၀ ဝန်းကျင်တွင် ကော့မှူးမြို့နယ် အပတ်စဉ် ၁ သင်တန်းဆင်း တပ်သားသစ် လူငယ် ၄ ဦးပါဝင်ကြောင်း၊ အဆိုပါစစ်ကူစစ်ကြောင်းကို MNDAA တပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀၀ နီးပါးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် ကော့ မှူးမြို့နယ်မှ လူငယ် တပ်သားသစ် ၂ ဦး ပါဝင်ခဲ့ပြီး ၂ ဦးမှာ ဒဏ်ရာ အပြင်း အထန်ရရှိထားကြောင်း သိရှိရသည်။

လားရှိုးသို့ စစ်ကူသွားရင် သေဆုံးခဲ့သော တပ်သားသစ်လူငယ် ၂ ဦးမှာ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်းကျေးရွာမှ ကိုရဲ နှင့် မဆယ်ဆိပ်ကျေးရွာမှ လှမင်းသန်း (ခ) ချက်ဖောင်း တို့ဖြစ်ကြောင်း၊ ပြင်းထန်ဒဏ်ရာရရှိသူ ၂ ဦးမှာ မဆယ်ဆိပ်ကျေးရွာမှ သန့်ဇင် (ခြေထောက်ပြတ်) နှင့် မဆယ်ဆိပ်ကျေးရွာမှ ဇေရဲထက် (ခ)နွားကြီး(အရေးပေါ်တင်ထားရ) တို့ ဖြစ်ကြောင်း သိရှိရသည်။

“ကော့မှူးမြို့နယ်မှာ စစ်မှုထမ်း ပထမ အသုတ်မှာ ပါသွားတဲ့ လူငယ် ၄ ဦး လာရှိုးမြို့ကို စစ်ကူသွားရင်း ဇူလိုင် ၃၀ ရက်နေ့မှာ ကားမိုင်းဆွဲခံရပြီး ၂ သေဆုံးတယ်။ ၂ ဦးကတော့ ပြင်းထန် ဒဏ်ရာရရှိတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် ကော့မှူးမြို့နယ်အတွင်း မဆယ်ဆိပ်ကျေးရွာမှ အုပ်ချုပ်ရေးမှူး စံလွင်(ခ) ငစံကြီး ၊ ဆယ်အိမ်မှူး အောင်အောင်(ခ)ဒူးမဲ ၊ ဆယ်အိမ်မှူး ငဇော်လေး ၊ ငှက်အော်စမ်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ကျော်ဇေယျ ၊ ချောင်ကော်ခြံကျေးရွာမှ လက်နက်ကိုင် အုပ်ချုပ်ရေးမှူး သန်းဇော် ၊ ရေတာရှည်ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဝင်းကျော်ဦး တို့က ကျေးရွာများမှ လူငယ်များကို ခြိမ်း ခြောက် ဖမ်းဆီး၍ စစ်မှုထမ်းခိုင်းနေကြောင်း သိရှိရသည်။

ကော့မှူးမြို့နယ်ရှိ ကျေးရွာများက တစ်ရွာလျှင် အနည်းဆုံး စစ်မှုထမ်းလူငယ် ၁ ဦး မပေးနိုင်လျှင် ငွေကျပ် ၈၅ သိန်း အုပ်ချုပ်ရေးများနှင့် စစ်တပ်ထံသို့ ပေးဆောင် ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- တန့်ယန်းအနီးတွင် စစ်တပ် စစ်ကူစစ်ကြောင်းကို MNDAA က ကြားဖြတ် တိုက်ခိုက်ထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article