မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီးတွင် စစ်ကားကို မိုင်းဆွဲမှု စစ်သား ၂ ဦး သေဆုံး
ရန်ကုန်၊ ဩဂုတ် ၅
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Dog Killers People’s Defense Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၅ ရက်နေ့ နံနက် ၈ နာရီ ၃၂ မိနစ်အချိန် မြင်းမူမြို့နယ် အလ္လက္ကပကျေးရွာနှင့် ဝမ်း ပြည့်ကျေးရွာကြားရှိ ဆီဆိုင်တစ်ခုတွင် တပ်စွဲနေထိုင်သော အကြမ်းဖက်စစ်သားများသည် သံပြား ကာ ကားဖြင့်မြင်းမူမြို့တွင်းသို့ သွားရောက်ခဲ့ပြီး ပြန်လည်ထွက်ခွာလာစဉ် ဝမ်းပြည့်ကျေးရွာ အနီးအ ရောက် ပဒေသာမိုင်း ၃ လုံး ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများလည်း ရှိကြောင်း သိရသည်။
“သူတို့တပ်စွဲထားတဲ့ ဆီဆိုင်ကနေ မြို့ထဲကို ခေါက်တုံ့ခေါက်ပြန်သွားနေတာ၊ အသွားတုန်းက သိ တော့ သိလိုက်တယ်၊ မဆွဲပဲ လွှတ်ပေးလိုက်တာ၊ အပြန်ကျမှ အပိုင်ဆွဲလိုက်တာ။ အခုက သေဆုံး၊ ဒဏ်ရာရတဲ့သူတွေကို အရင်လို မြို့ပေါ်ဆေးရုံပို့တာတို့ ဘာတို့မလုပ်တော့ဘူး။ တပ်စွဲထားတဲ့ နေရာ မှာပဲ ဆေးကုတာတွေလုပ်တယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတော့ ရှိ တယ်။ လက်နက်ကြီးတွေနဲ့ပစ်တာဆိုရင်လည်းများတယ်၊ တစ်လုံးပဲ ကျနော်တို့ ရဲဘော်နားကို ကျ တာ၊ အဲဒီတစ်လုံးက မကွဲဘူး။ မကွဲတဲ့အတွက်အဲဒီရဲဘော်က ကောက်ယူလာခဲ့တယ်။” ဟု Dog Killers People’s Defense Force Myinmu မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို Dog Killers People’s Defense Force Myinmu (DK-PDF MMU) ရဲဘော် များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။