ရန်ကုန်၊ ဩဂုတ် ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြိုနယ်တွင် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ခမရ ၅၀၁ နှင့် ခမရ ၅၀၂ တိုကို သိမ်းပိုက်ရရှိပြီး မြိုနယ်တစ်ခုလုံးတွင် စစ်တပ်ကင်းစင်ကာ TNLA ဦးဆောင်သော မဟာမိတ်တပ်များက ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။
ဩဂုတ်လ ၅ ရက်နေ့ညပိုင်းတွင် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စစ်စခန်းဖြစ်သော ခမရ ၅၀၁ ၊ ခမရ ၅၀၂ တိုကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ ယင်းနောက်ဆုံး လက်ကျန်စခန်း ၂ ခုကို ၁ လခွဲနီးပါး တိုက်ခိုက်ခဲ့ရကြောင်း သိရှိရသည်။
“နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ဇွန်လ ၂၅ ရက်နေ့တွင် ကျောက်မဲမြိုနယ်ရှိ စစ်ကောင်စီတပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့ တွင် ကျောက်မဲ မြိုနယ်ရှိ အကြမ်း ဖက် စစ်တပ် ၏ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် ၃၅၂ အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်း တိုကို TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ ယင်းနောက် နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ခမရ ၅၀၁ နှင့် ၅၀၂ တိုကို ၁ လခွဲနီးပါး တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ခဲ့ကြောင်း၊ ယခုအခါ ကျောက်မဲမြိုနယ်တစ်ခုလုံးသည် စစ်တပ်ကင်းစင် နယ်မြေ ဖြစ်လာကြောင်း သိရှိရသည်။
၁၀၂၇ ဒုတိယလှိင်း စစ်ဆင်ရေးတွင် နောင်ချို၊ မိုးကုတ်၊ လားရှိး ပြီးလျှင် ကျောက်မဲမြိုနယ်သည် ၄ ခုမြောက်သိမ်းပိုက်ရရှိသော မြိုနယ်ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar