26 C
Yangon

မန္တလေးမြို့ပေါ် တွင် သေနတ်ပစ်ခတ်မှု ၂ ခု ဖြစ်ပွားခဲ့ပြီး စစ်အရာရှိ ၁ ဦးသေ ဆုံးခဲ့၊ စစ်ကောင်စီတပ်များအကြား အချင်းချင်း မှားယွင်းပစ်ခတ်ခဲ့

Must read

မန္တလေးမြို့ပေါ် တွင် သေနတ်ပစ်ခတ်မှု ၂ ခု ဖြစ်ပွားခဲ့ပြီး စစ်အရာရှိ ၁ ဦးသေ ဆုံးခဲ့၊ စစ်ကောင်စီတပ်များအကြား အချင်းချင်း မှားယွင်းပစ်ခတ်ခဲ့

ရန်ကုန်၊ ဩဂုတ် ၇

မန္တလေးမြို့ပေါ် တွင် ဩဂုတ်လ ၅ ရက်နေ့ သေနတ်ပစ်ခတ်မှု ၂ ခု ဖြစ်ပွားခဲ့ပြီး စစ်အရာရှိ ၁ ဦးသေဆုံးခဲ့ကြောင်း ရဲသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၅ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် မန္တလေးမြို့၊ ၆၆ လမ်း၊ သိပ္ပံလမ်း (၁၀၁) လမ်းနှင့် ၁၀၂ လမ်းအကြားတွင် ကားတစ်စီးကို ဆိုင်ကယ်စီးသူများက သေနတ်ဖြင့် အချက်ပေါင်းများစွာ ၀ိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်မှ အရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၅ ရက်နေ့ ည ၈ နာရီအချိန် မန္တလေးမြို့ ၇၈ လမ်းပေါ် ဟိုတယ်မန္တလေးရှေ့တွင် မတ်တူးကားတစ်စီးကို နောက်မှ စစ်ကောင်စီတပ်များက အချက်ပေါင်းများစွာ ၀ိုင်းဝန်းပစ်ခတ်ခဲ့ကြကြောင်း၊ ယင်းနောက် ကားကို ရှာဖွေရာစစ်ကောင်စီတပ်အချင်းချင်း ပစ်ခတ်မှုဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး ဒဏ်ရာရရှိသူများကို နန်းတွင်း စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

“အခုက မန္တလေးမှာ တော်လှန်ရေးတပ်တွေ ဝင်လာတော့မယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်တပ်ဘက်ကလည်း လုံခြုံရေး တိုးမြှင့်သလို ဧည့်စာရင်း စစ်တာတွေကို တိုးမြှင့်ပြီး လုပ်လာနေတယ်။ ဩဂုတ်လ ၅ ရက်နေ့ ပစ်ခတ်မှုတွေမှာ စစ်အရာရှိတစ်ဦး သေဆုံးတယ်။ ၇၈ လမ်းပေါ်မှာ အချင်းချင်း မှားယွင်းပစ်ခတ်မှုဖြစ်တယ်”ဟု ရဲသတင်းရင်းမြစ်က ရှင်းလင်း ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက မန္တလေးတွင် ခုခံစစ်များ ပြင်ဆင်လာသည့်အပြင် အထပ်မြင့်တိုက်တာများတွင် စနိုက်ပါ သေနတ်သမားများ ထားရှိခြင်းများကိုလည်း လုပ်ဆောင်လာကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- မန္တလေးတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article