30 C
Yangon

ဆီဆိုင်မြိုနယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးကာ ဒရုန်း ၁ စင်း၊ လက်နက် ၁၀ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြိုနယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးကာ ဒရုန်း ၁ စင်း၊ လက်နက် ၁၀ လက်သိမ်းဆည်းရရှိကြောင်း PNLA က ပြောဆိုသည်။

ယမန်နေ့ ဩဂုတ်လ၆ ရက်နေ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်PNLA၊ မဟာမိတ်တပ်များ နှင့် စစ်ကောင်စီတပ်ဖွဲတိုအကြား ဆီဆိုင်မြိုနယ် လွယ်ထွယ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီတပ်၏အလောင်း ၁၅လောင်း ၊ ဒရုန်း ၁ စင်းနှင့် လက်နက် ၁၀ လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဖွဲ နှင့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက သြဂုတ်လ ၃ ရက်နေ့မှစပြီး ဆီဆိုင်မြိုနယ် အတွင်းရှိ ပအိုဝ်းကျေးရွာ ပအိုဝ်းနယ်မြေအတွင်းသို လက်နက်ကြီးများဖြင့် တမင်သက်သက်ပစ်ခတ်နေလျက်ရှိသဖြင့် ပြည်သူများအနေဖြင့် သတိဝီရိယဖြင့် သွားလာကြပါရန် PNLA က တိုက်တွန်းထားသည်။

“ဩဂုတ် ၃ ရက်နေ့ ရှမ်းတောင် ဆီဆိုင်မြို တိုက်ပွဲပြန်ဖြစ်နေပြီ။ ၁၀၂၇ ပထမပိုင်းပြီးတော့ ဆီဆိုင်မြိုမှာ တိုက်ပွဲ ဖြစ်ခဲ့တယ်။ ၁၀၂၇ ဒုတိယပိုင်း လားရှိးမြို သိမ်းခံရပြီးတဲ့နောက် တောင်ကြီးမြို သိမ်းမယ်ဆိုတဲ့စကားကြောင့် ပအိုဝ်းအမျိုးသားလွတ် မြောက် ရေး PNLA ဌာနချုပ်ကို စစ်ကောင်စီနဲ့ PNAတွေက လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်တာကြောင့် တိုက်ပွဲပြန်ဖြစ်နေပါတယ်။ အရင်က ဆီဆိုင်မြို ရဲ့တိုက်ပွဲထဲမှာ PNLA က ဆီဆိုမြို ကို သိမ်းလိုက်တာ ပအိုဝ်းပြည်သူတွေနဲ့ ပအိုဝ်းသံဃာတွေရဲ့ တောင်းဆိုမှုကြောင့် PNLAက နောက်ဆုတ်ပေးလိုက်တယ်။ ဒီတစ်ခါတော့ PNO ကနောက်တစ်ကြိမ်စော်ကားလာတဲ့အတွက် ကျောက်တလုံးကြီးမြို အထိ တိုက်ပွဲကျယ်ပြန်မယ့် အခြေ အနေရှိတယ်”ဟု PNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article