29 C
Yangon

တိုကျိုမြို့ရှိ စစ်တပ် သံရုံးရှေ့နှင့် သံရုံးအနီးအနားတွင် ထီးသပိတ်ပြုလုပ် ဆန္ဒထုတ်ဖော်ခဲ့ကြသည့် လူငယ်လေးဦးကို ဂုဏ်ပြုသောအားဖြင့် ဦးထုပ်သပိတ် ပြုလုပ်

Must read

ရန်ကုန်၊ ဩဂုတ် ၈

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ အကြမ်းဖက်စစ်တပ် သံရုံးရှေ့နှင့် သံရုံးအနီးအနား နေရာအချို့တွင် Revolution Tokyo Myanmar (R.T.M)က ရန်ကုန်မြို့ပေါ်၌ ထီးပေါ်တွင် ၈ ဂဏန်းလေးလုံးကိုရေးကာ ငြိမ်းချမ်းစွာ ထီးသပိတ်ပြုလုပ် ဆန္ဒထုတ်ဖော်ခဲ့ကြသည့် လူငယ်လေးဦးကို ဂုဏ်ပြုခြင်းနှင့်အတူ ဦးထုပ်သပိတ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သပိတ်တွင် မြို့ပြပျောက်ကြားများသုံးစွဲခဲ့သည့် ပုံစံတူ ဘန်နာဖြင့် လူငယ်များ၏ တော်လှန်လိုစိတ်၊ မတရားမှုကို တွန်းလှန်လိုစိတ်များကို လက်ဆင့်ကမ်း ဆက်လက်တွန်းလှန်ရင်း ၈၈၈၈ အရေးအခင်းမှသည် ယနေ့ထိတိုင်အောင် တော်လှန်မီးတောက်တွေ လောင်ကျွမ်းနေဆဲဆိုသည့်အတိုင်း ရန်ကုန်သပိတ်အဖွဲ့များနည်းတူ ဆန္ဒပြလှုပ်ရှားမှုများလုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article