29 C
Yangon

သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာရှိ စစ်တပ် အထိုင်စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်သား အလောင်း ၉ လောင်းနှင့် သေနတ် ၉ လက် သိမ်းဆည်းရရှိ

Must read

သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာရှိ စစ်တပ် အထိုင်စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်သား အလောင်း ၉ လောင်းနှင့် သေနတ် ၉ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၈

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်သား အလောင်း ၉ လောင်းနှင့် သေနတ် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သပိတ်ကျင်းတိုက်နယ် (ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်၍ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအတွင်းရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကုန်းများကို တော်လှန်ရေးမှ တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဆက်လက်တောင့် မခံနိုင်တော့ဘဲ စခန်းကုန်းများကို စွန့်ခွာ ထွက်ပြေးသွားခဲ့ပြီး ဩဂုတ်လ ၂ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်း ၁၇ ရက်ကြာတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား အများအပြား ထိခိုက်သေဆုံးပြီး အလောင်း ၉ လောင်းနှင့် MA-1 ၊ MA-3 ၊ MA-12 အမျိုးအစား သေနတ် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး အလောင်းကတော့ လရှည်တိုက်တာဖြစ်တဲ့ အတွက်ကို ကျွန်တော်တို့ ကုန်းကို မသိမ်းနိုင်သေးတဲ့ အချိန်မှာ ခွေးကုန်းပေါ်မှာ မြုပ်ထားတဲ့ အလောင်းတွေကတော့ရှိတယ်။ ကျွန်တော်တို့ သိမ်းတဲ့နေ့ကတော့ အလောင်း ၉ လောင်းရတယ်။ ခွေးကုန်း ၃ ကုန်းပေါ်မှာ အလောင်း ၉ လောင်းရတယ်။ သိမ်းဆည်းရမိတွေကတော့ MA-1 ၊ MA-3 ၊ MA-12 အားလုံးပေါင်း ၉ လက် ရရှိပါတယ်” ဟု သပိတ်ကျင်းတိုက်နယ် (ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သပိတ်ကျင်းတိုက်နယ် (ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့ ၊ ပြင်ဦးလွင်ခရိုင်အမှတ် (၁) တပ်ရင်း ၊ အမှတ်(၂)တပ်ရင်း၊ အမှတ်(၅၀၉)တပ်ရင်း၊ အမှတ်(၅၁၀) တပ်ရင်း ၊ ပြင်ဦးလွင်ခရိုင်(ပကဖ)၊ သပိတ်ကျင်းမြို့နယ်(ပကဖ)၊ စဉ့်ကူးမြို့နယ် (ပကဖ)၊ Nine PDF တပ်ဖွဲ့၊ ကန့်ဘလူခရိုင် တပ်ရင်း၊ ပြင်ဦးလွင် Drone တပ်ဖွဲ့ ၊ ရွှေဘိုခရိုင် Drone တပ်ဖွဲ့ ၊ မန်းခရိုင် Drone တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article