28 C
Yangon

နွားထိုးကြီးမြို့ပေါ်တွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

နွားထိုးကြီးမြို့ပေါ်တွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၁၀

မန္တလေးတိုင်း၊ နွားထိုးကြီးပေါ်တွင် တိုက်ပွဲဖြစ်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသနေပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၉ ရက် ည ၁၀ နာရီခန့်က စတင်ပြီး နွားထိုးကြီးမြို့ပေါ်ရှိ ရဲစခန်း၊ ထွေအုပ်ရုံးအပါအ ဝင် အကြမ်းဖက်စစ်သားများ တပ်စွဲထားရာနေရာများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ ယနေ့ ဩဂုတ်လ ၁၀ ရက် နံနက် ၁၀ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာ ရောက်ဗုံးကျဲခဲ့ကြောင်း၊ ထို့အပြင် လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်နေကြောင်း သိရသည်။

“နွားထိုးကြီးမှာ မနေ့က ၁၀ နာရီလောက်ကနေ ဒီနေ့ မနက် ၁၀ နာရီလောက်အထိ အနီး ကပ်တိုက်ပွဲဖြစ်ခဲ့ တာ၊ ဒီမနက် ၁၀ နာရီလောက်က စစ်ကောင်စီက လေယာဉ်နဲ့ လာပြီး ဗုံးကျဲသွားပါတယ်၊ လက်နက်ကြီး ပစ်သံတွေလည်း ဆက်တိုက်ကြားရပါတယ်။ အခုထိလည်းလေယာဉ်ဝဲနေတုန်း၊ အခုပြောနေချိန် (၁၀ နာရီ ၂၄ မိနစ်)မှာတောင် ဗုံးတစ်လုံးလာကျဲသွားတယ်၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း မြို့ပေါ်မှာပဲ ရှိနေပါ သေးတယ်။ ရပ် ကွက် ထဲ လက်နက် ကြီး ကျတယ်လို့ သိရတယ်၊ အိမ်တစ်အိမ်ရဲ့ဘေးမှာကျတာ။ လေယာဉ် နဲ့ကျဲတာက အခုဆိုရင် ၃ လုံးရှိသွားပြီ။ “ပုစဉ်းတွေနဲ့ဝဲပီး သေနတ်နဲ့ပစ်နေပါတယ်။ မြို့ထဲကနေ စစ်ကောင်စီက ဘယ်သူ့ကိုမှထွက်ခွင့်မပေးပါဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နွားထိုးကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းအားလုံးနီးပါးကို တော်လှန်ရေးတပ်ဖွဲ့များက ဝင် ရောက်တိုက်ခိုက်နေပြီး နွားထိုးကြီးမြို့ပေါ်အခြေအနေကို သိရှိရခြင်းမရှိသေးကြောင်း၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း ဒရုန်းတပ်ဖွဲ့အနေဖြင့်လည်း မြင်းခြံမြို့နယ်၊ လေးရွာဆုံပျူရွာစခန်းကို လက်နက် ကြီးဖြင့် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြန်လည် ဆုတ်ခွာလာခဲ့ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောကြားသည်။

“နွားထိုးမြို့ပေါ်မှာတော့ ကျနော်တို့ မပါဘူး။ နွားထိုးကြီးမှာတော့ အခုချိန်အထိဖြစ်နေတုန်းပဲ၊ မြင်းခြံ၊ လေးရွာဆုံဝင်တိုက်တာတော့ ပြန်ဆုတ်လာပြီ၊ ကျနော်တို့က အဲဒီဘက်ပါသွားတာ။ လေးရွာမှာတပ်စွဲ နေတဲ့ ဘုန်းကြီးကျောင်းကို ဝင်ပစ်တာ။ နွားထိုးကြီးမှာရှိတဲ့ အဖွဲ့စုံဝင်တဲ့နေတယ်လို့ ပြောရမှာပေါ့။ နွားထိုးကြီး မြို့ပေါ် အခြေအနေကတော့ မသိရသေးဘူ။ ကျနော်တို့တိုက်ခဲ့တဲ့ လေးရွာဆုံကတော့ သူတို့ဘက်က ဘန်ကာ ကောင်းနေတော့ ရွာထဲဝင်ပြီး လက်နက် ကြီးလောက်ပစ်ပြီး ပြန်ဆုတ်လာခဲ့တာ။ မြင်းခြံကနေ လက်နက်ကြီး နဲ့ထုနေတာရယ်ကြောင့်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article