26 C
Yangon

ရပ်စောက်-နောင်ချို လမ်းပိုင်းရှိ ဒုဌဝတီတံတား အနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေ

Must read

ရပ်စောက်-နောင်ချို လမ်းပိုင်းရှိ ဒုဌဝတီတံတား အနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေ

ရန်ကုန်၊ ဩဂုတ် ၁၀

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ရပ်စောက်-နောင်ချို လမ်းပိုင်းရှိ ဒုဌဝတီတံတား အနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၃ နာရီ ခန့်က စတင်ပြီး နောင်ချိုမြို့နယ်၊ ရပ်စောက်-နောင်ချို လမ်းပိုင်းရှိ ဒုဌဝတီတံတားအနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားရာနေရာများနှင့် ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်၏ ၆၂၆ အမြောက်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“ရပ်စောက်နဲ့ နောင်ချိုကို ဆက်ထားတဲ့ ဒုဌဝတီတံတားအနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ခွေးတွေ တိုက်ပွဲ ပြင်းထန်နေပါတယ်။ စစ်တပ်က လေယဥ်နဲ့ ရွာတွေကို အဓိကထား ပစ်ခတ်နေတယ်။ နံနက် ၃ နာရီလောက်ကတည်းကစပြီး ဖြစ်နေတာပါ။ ၆၂၆ အမြောက်တပ်ကလည်း လက်နက်ကြီးနဲ့ ပစ်နေပါတယ်။ ခု မွန်းလွဲပိုင်းထိ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article