33 C
Yangon

ရေဦးမြို့ တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးနိုင်

Must read

ရေဦးမြို့ တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးနိုင်

ရန်ကုန်၊ ဩဂုတ် ၁၀

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးနိုင်ကြောင်း Wolf Guerrilla LDF(YE-U) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၉ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင်ရေဦးမြို့ တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဗိုလ်ရုပ်ကဆိုး ဦးဆောင်သော Wolf Guerrilla LDF(YE-U) အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း တိုင်းရင်းဆေးရုံရှိ အရာခံ ဗိုလ်များနေထိုင်သော လေးထပ်တိုက်အပေါ်ဆုံးထပ်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်သား ၂ ဦး ထိခိုက်သေဆုံးနိုင်ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်ဘက်ကလည်း လက်နက်ကြီး ၁၂၀ မမ ၃ လုံး ပြန်လည်ပစ်ခတ်ခဲ့ပြီး ပွိုင့် ၅ စက်လက်ဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရေဦးမြို့ တိုင်းရင်းဆေးရုံအတွင်း တပ်စွဲနေထိုင်လျက်ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆၀ ခန့်သည် ရေဦးမြို့ ဘေးပတ်ပတ်လည်ရှိ ​ကျေးရွာများကို လွန်ခဲ့သောသုံးလေးရက်မှစ၍ ယနေ့ ညပိုင်းအထိ လက်နက်ကြီး ၁၂၀ မမ၊ ၈၁ မမ တို့ဖြင့် ရမ်းသမ်း ပစ်ခတ်နေသော အကြမ်းဖက် စစ်တပ် အထိုင်တိုင်းရင်းဆေးရုံဖြစ်ကြောင်း Wolf Guerrilla LDF(YE-U) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

ထို့သို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဩဂုတ်လ ၁၀ ရက်နေ့တွင် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာ နမခမှ MI-35 ၁စီး ၊ ရွှေဘိုလေ့ကျင့်ရေး ၈ မှ MI-17 ၁ စီး၊ ရေဦးမြို့ တိုင်းရင်းဆေးရုံတောင်ဘက်ကို ဆင်းသက်ခဲ့ပြီး MI-35 သည် ရေဦးမြို့တောင်ဘက်ကို လုံခြုံရေး​ပေးကာ ပျံသန်းခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article