မြောက်ဦးမြို့ပေါ် လူနေရပ်ကွက်အတွင်းသို့ တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက် ခိုက်မှု ပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ
ရန်ကုန်၊ ဩဂုတ် ၁၁
ရခိုင်ပြည်၊ မြောက်ဦးမြို့ပေါ် လူနေရပ်ကွက်အတွင်းသို့ တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် AA၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဩဂုတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် ပြည်သူများနေထိုင်သည့် မြောက် ဦးမြို့ပေါ် လူနေရပ်ကွက်အတွင်းသို့ စစ်ကောင်စီက တိုက် လေ ယာဉ် တစ် ဦးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးသည် မြောက်ဦးဟိုတယ် အနီး အနား ပတ်ဝန်းကျင်နှင့် လမ်းမပေါ်သို့ ကျရောက် ပေါက်ကွဲထိမှန်ခဲ့သောကြောင့် အနှေးယာဉ် (တုတ်တုတ်) တစ်စီးပေါ်တွင် လိုက်ပါလာသော ခရီးသွားပြည်သူများနှင့် ပတ်ဝန်းကျင်ရှိ အပြစ်မဲ့ အရပ်သားပြည်သူ ၆ ဦး သေ ဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ ဦးမောင်မြသန်း အသက် ၅၉ နှစ်၊ ကိုထိန်ဝင်းထွန်း အသက် ၂၅ နှစ်၊ ကိုစိုးစိုးနိုင် အသက် ၂၅ နှစ်၊ ကိုအောင်ဝင်းရွှေ အသက် ၂၅ နှစ်၊ ဦးကျော်ဆန်း အသက် ၄၂ နှစ်၊ မောင်ခိုင်ကျော်ဆန်း အသက် ၈ နှစ် တို့ဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်ကလည်း အ ရပ် သား ပြည်သူများကို ဆေးကုသပေးနေသောမြောက် ဦးမြို့ရှိ ဆေးရုံတစ်ခုကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ မြောက်ဦးမြို့သည် လက်ရှိအချိန်တွင် စစ်ကောင်စီကင်းစင်သော မြို့တစ်မြို့ဖြစ်ပြီး တိုက်ပွဲမဖြစ်ပွားခဲ့သည်မှာ ရက်ပေါင်း ၁၈၅ ရက် ရှိခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှ တော်လှန်ရေးအဖွဲအစည်းများ ထိန်းချုပ်ထားသော တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာဒေသများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံ၊ ဈေးများနှင့် လူနေထူထပ်သည့်နေရာများကို လေ ကြောင်းမှ ရော့ကတ်၊ ဖျက်အားပြင်းဗုံးများဖြင့် ကျဲချတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ဆက်တိုက် ကျူးလွန်လျက်ရှိကြောင်း AA က ထုတ် ပြန်ပြောဆိုထားသည်။