27 C
Yangon

နွားထိုးကြီး၊ မြင်းခြံ နှင့် တောင်သာမြို့နယ်တို့ကို မြင်းခြံခရိုင် အထူးစစ် ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်မှု လက်နက်ခဲယမ်းများသိမ်းဆည်းရရှိထား

Must read

နွားထိုးကြီး၊ မြင်းခြံ နှင့် တောင်သာမြို့နယ်တို့ကို မြင်းခြံခရိုင် အထူးစစ် ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်မှု လက်နက်ခဲယမ်းများသိမ်းဆည်းရရှိထား

ရန်ကုန်၊ ဩဂုတ် ၁၁

မန္တလေးတိုင်းအတွင်းရှိ မြင်းခြံမြို့နယ်၊ နွားထိုးကြီးမြို့နယ်နှင့်တောင်သာမြို့ နယ်တို့ကို “မြင်း ခြံခရိုင်အထူးစစ်ဆင် ရေး” အဖြစ်တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်လျက်ရှိရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထား ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းမှစတင်ပြီး “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး” အဖြစ် မြင်းခြံ မြို့နယ်၊ နွားထိုးကြီးမြို့နယ်နှင့် တောင်သာမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း၊ ရဲစခန်း၊ အကြမ်းဖက်စစ်တပ်ဌာနဆိုင်ရာရုံး၊ တပ်ရင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊ ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ် ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထား ကြောင်း သိရသည်။

“လက်ရှိလောလောဆယ် နှစ်ဖက်ထိခိုက်ကျဆုံးတွေ ရှိပါတယ်။ လက်နက်ခဲယမ်းရရှိထားတာတွေ လည်းရှိပါတယ်၊ ဒါပေမယ့် အသေးစိတ်ကိုတော့ ဖော်ပြလို့မရသေးပါဘူး။ ပြည်သူတွေအနေနဲ့ အခု စစ်ဆင်ရေးကာလအတွင်းမှာ အထူးသဖြင့် ဖြတ်သန်းသွားလာတာတွေ၊ ပျော်ပွဲစားထွက်တာတွေ မလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်ဆင် ရေးကာလအတွင်းမှာ အန္တရာယ် များစွာရှိပါတယ်။ ဒါလေးကို လိုက်နာပေးဖို့မေတ္တာရပ်ခံချင်ပါတယ်။” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ စစ်ဆင်ရေးကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းနှင့် မြင်းခြံ ခရိုင် အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များ ၊ LPDF ၊ ပကဖ ပူးပေါင်းတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ တိုက်ခိုက် နေခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကလည်း တန်ပြန်စစ်ကြောင်းထိုးလှုပ်ရှားနေသဖြင့် အသေး စိတ် ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မြင်းခြံ – နွားထိုးကြီးလမ်းပိုင်း နှင့် မြင်းခြံ -တောင်သာလမ်းပိုင်း များ အား လတ်တလော ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် အထူးမေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း နွားထိုးကြီးမြို့ မြင်ကွင်းများ။

Photo- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article