26 C
Yangon

ဆီဆိုင်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး၊ စစ်မှုထမ်းသင်တန်းဆင်း ရွှေဘိုသား တစ်ဦး ဖမ်းမိကာ သေနတ် ၁ လက်နှင့်ဒရုန်း ၁ စီး သိမ်းဆည်းရရှိ

Must read

ဆီဆိုင်တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး၊ စစ်မှုထမ်းသင်တန်းဆင်း ရွှေဘိုသား တစ်ဦး ဖမ်းမိကာ သေနတ် ၁ လက်နှင့်ဒရုန်း ၁ စီး သိမ်းဆည်းရရှိ

ရန်ကုန်၊ ဩဂုတ် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့အရှေ့ဘက်တွင် တိုက်ပွဲဖြစ်ပြီးစစ်သား ၃ ဦး သေဆုံးကာ အကြမ်းဖက်စစ်တပ်က စုဆောင်းထားသည့် စစ်မှုထမ်းသင် တန်းဆင်း ရွှေဘိုမြို့နယ် သားတစ်ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၀ ရက်နေ့ ဆီဆိုင်မြို့အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်သားများကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား အလောင်း ၃ လောင်းကျန်ရှိခဲ့ပြီး စစ်ကောင်စီတပ်က စစ်မှုမထမ်းမနေရ စုဆောင်းခံရကာ သင်တန်းဆင်းလာသည့် ရွှေဘိုမြို့နယ်သား တစ်ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် MA1 အမျိုးအစား သေနတ် ၁ လက်၊ ဒရုန်းတစ်စင်းတို့ကို သိမ်း ဆည်း ရရှိခဲ့ပြီး သေဆုံးစစ် သား အလောင်းများကို ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် PNLA က ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် စစ်သုံပန်းမှာ ရွှေဘိုမြို့နယ်မှဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်ကပေးသည့် ပြည် သူ့ စစ်မှုထမ်း သင်တန်းဆင်းပြီးနောက် ဆီဆိုင်မြို့၊ ရှေ့တန်းသို့ ပို့ဆောင်ခြင်းခံခဲ့ရကြောင်း၊ ရှေ့တန်းရောက်ချိန် ၁ လ မပြည့် သေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article