26 C
Yangon

ရေစကြိုမြို့နယ်၊ ခလရ ၂၅၈ တပ်ရင်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး

Must read

ရေစကြိုမြို့နယ်၊ ခလရ ၂၅၈ တပ်ရင်းမှ အိမ်စီးကားဖြင့် ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၁၁

မကွေးတိုင်း၊ ရေစကြိုမြို့၊ ခလရ ၂၅၈ တပ်ရင်းမှ အိမ်စီးကားဖြင့် ထွက်လာသော အကြမ်းဖက်စစ် သားများကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရေစကြိုပကဖ မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၁၀ ရက် ည ၈ နာရီခန့်က ရေစကြိုမြို့ ခလရ ၂၅၈ တပ်ရင်းမှ အိမ်းစီးကား ၂ စီး ဖြင့်ထွက်လာသော အကြမ်းဖက်စစ်သားများကို ခလရ ၂၅၈ တပ်ရင်းနှင့်တောင်အိုတာတိုင်စစ်ဆေး ရေးဂိတ်ကြား လမ်းတနေရာ အရောက် မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် အသင့်စောင့်ဆိုင်းပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကားမှ လမ်းဘေးထိုးရပ်သွားပြီး အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရ သည်။

“၂၅၈ နဲ့တောင်အိုတာတိုင်က နည်းနည်းတော့လှမ်းတယ်၊ ကျနော်တို့က ကြားတနေရာမှာ တိုက်ခဲ့ တာပေါ့။ မိုင်းဆွဲပြီးတော့ စောင့်ပစ်ခဲ့တာ။ မှန်လုံကားလေး၊ ပေါင်မုန့်ကားလိုဟာလေး၊ ၁၀ ယောက် ၁၅ ယောကလောက်တော့ပါမယ်။ ၂ စီးဆိုတော့၊ သူတို့က ကားနဲ့တောက်လျှောက်ပြေးတာ၊ ထိတဲ့ တစ်စီးကတော့ရပ်သွားတာတယ်၊ ခဏလောက်နေတော့ အဲဒီရပ်သွားတဲ့ကားကိုတောင်အိုတာတိုင် ဂိတ်လာ လာဆွဲသွားတာ။” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ထို့သို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိကာ လမ်းဘေး ထိုးရပ်သွားသော ကားကိုလည်း ပစ်ခတ်တိုက်ခိုက်မှုပြီးဆုံးပြီး နာရီဝက်ခန့်အကြာ တောင် အိုတာတိုင်စစ်ဆေးရေးဂိတ်မှ စစ်သားများက လာရောက်ဆွဲယူသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြို့နယ် တပ်ဖွဲ့ဝင်များက တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article