သီပေါနှင့်နောင်ချို တို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က လေ ကြောင်း တိုက်ခိုက်မှု ၁၈ ကြိမ်လုပ်ကာ ဗုံး ၁၀၀ ကျော် ကျဲချ
ရန်ကုန်၊ ဩဂုတ် ၁၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနှင့်နောင်ချိုမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၈ ကြိမ်လုပ်ဆောင်ခဲ့ကြောင်း TNLA က ပြောသည်။
ယနေ့တွင် နောင်ချိုမြိုနယ် တောင်ခမ်းနှင့် မက်မန်းတော ကျေးရွာတွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တိုအကြား တိုက်ပွဲဆက်လက်ဖြစ် ပွားလျက်ရှိကြောင်း၊ တောင်ခမ်းရွာရှီ အမြောက်တပ် ၉၀၂ တပ်နှင့်သော် လည်းကောင်း၊ မက်မန်းတောကျေးရွာတွင် တပ်မ ၉၉ လက်အောက်ခံ ခမရ ၃၀၂ တပ်နှင့်သော်လည်းကောင်း၊ အရှေ့မြောက်ပိုင်း တိုင်စစ်ဌာနချုပ်လက် အောက်ခံ ခမရ ၃၂၅ တပ်နှင့်သော်လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်လက်အောက်ခံ ခမရ ၃၀၆ တပ်ရင်းတို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
နောင်ချိုမြိုနယ်တိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် နှင့် Y-12 ထောက်ပို့လေယာဉ်ဖြင့် ၃ ကြိမ် ဗုံး ၂၀လုံး လာရောက်ကျဲချခဲ့ကြောင်း သိရှိရသည်။
အလားတူ သီပေါမြို့ ခလရ ၂၃ တပ်စခန်းနေရာတွင်လည်း တိုက်ပွဲဆက် လက် ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်က Y-12 ထောက်ပို့လေယာဉ်ဖြင့် ၁၂ ကြိမ် ဗုံး ၈၅ ကြဲချသည့်အပြင် စစ်ကောင်စီတပ်များအတွက် Y-12 လေ ယာဉ်ဖြင့် ၅ ကြိမ် ထောက်ပိုပစ္စည်းများ လာရောက်ကျဲချပေးခဲ့ကြောင်း သိရှိရသည်။