ရန်ကုန်၊ ဩဂုတ် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး အသက် ၃ နှစ်အရွယ်ကလေးငယ် ဒဏ်ရာ ပြင်းထန်ကြောင်းPNLA က ပြောဆို သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၁၄ ရက်နေ့ ယမန်နေ့ နံနက် ၁၀ နာရီအချိန် ဆီဆိုင်မြို့တွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်နှင့် PNO ပြည် သူ့စစ်က မည်သည့် တိုက်ပွဲဖြစ်ပွားခြင်းမှ မရှိဘဲ ဆီဆိုင်မြို့နယ် အရှေ့ဘက်ရှိ ပအိုဝ်းကျေးရွာများသို့ လက်နက်ကြီးဖြင့် အကြိမ် ၄၀ ကျော် ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ပန်အောင်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ၁ လုံး ကျရောက် ပေါက်ကွဲရာ တောင်ယာသွားနေသည့် ပအိုဝ်းသားအမိ ၂ ဦးကို လက်နက်ကြီးကျည် ထိမှန်ခဲ့ကြောင်း၊ အသက် ၄၀ နှစ် အရွယ် မိခင်ဖြစ်သူ မွိးစွန် မှာ အသက်သေဆုံးခဲ့ရပြီး အသက် ၃ နှစ်အရွယ် ကလေး ခွန်မောင်ပေးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ အသက်အန္တရာယ်စိုးရိမ်နေသည့် အခြေအနေရှိကြောင်း သိရှိရသည်။
စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်သည့် ပန်အောင်ကျေးရွာသည် တိုက်ပွဲဖြစ်ပွားသည့် နေရာမဟုတ်ဘဲ တော်လှန် ရေးတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာလည်းမဟုတ်ကြောင်း၊ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ပြည်သူများ နေထိုင်သော ကျေးရွာများ ဒေသခံပြည်သူလူထုများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာပြင်းထန်သည့် အသက် ၃ နှစ်အရွယ် ကလေးငယ်ကိုမူ ဒေသခံများ၏ အကြောင်းကြားလာမှုကြောင့် ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် PNLA တပ်ဖွဲ့က သွားရောက်ကယ်ဆယ်ခဲ့ပြီး ဆေးဝါးကုသမှု ပေးလျက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar