30 C
Yangon

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၇၀၀ နီးပါးက လုပ်ခလစာမရ၍ တရုတ်လုပ်ငန်းရှင်ကို ကန့်ကွက်ဆန္ဒပြ၊ ထိုင်းအာဏာပိုင်များက ဝင်ရောက်ညှိနှိုင်းသော်လည်း မပြေလည်သေး

Must read

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၇၀၀ နီးပါးက လုပ်ခလစာမရ၍ တရုတ်လုပ်ငန်းရှင်ကို ကန့်ကွက်ဆန္ဒပြ၊ ထိုင်းအာဏာပိုင်များက ဝင်ရောက်ညှိနှိုင်းသော်လည်း မပြေလည်သေး

ရန်ကုန်၊ ဩဂုတ် ၁၇

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၇၀၀ နီးပါးက ၂ လစာ မပေး၍ တရုတ်လုပ်ငန်းရှင်ကို ကန့်ကွက်ဆန္ဒပြကြကြောင်း ထိုင်းနိုင်ငံမှ လာသော သတင်းများအရ သိရှိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၆ ရက်နေ့ ညပိုင်း ထိုင်းနိုင်ငံ၊ Prachin Buri ခရိုင်၊ Rojana စက်မှုဇုန်ရှိ တရုတ်လုပ်ငန်းရှင်တစ်ဦး ပိုင် ဆိုင်သော စက်ရုံတွင် မြန်မာ အလုပ်သမား ၇၀၀ နီးပါးက လုပ်ခလစာ ၂ လစာ မရရှိ၍ စုဝေးဆန္ဒပြခဲ့ကြ ကြောင်း၊ မြန်မာအလုပ်သမား ၇၀၀ ဦး ၂ လစာ ရရှိမည့် လစာပမာဏမှာ ထိုင်းဘတ်ငွေ ၁၀ သန်းခန့်ရှိကြောင်း၊ လစာမရသဖြင့် မြန်မာအလုပ်သမားများမှာ စားစရာဝယ်ရန်ပင် ပိုက်ဆံမရှိကြတော့ကြောင်း သိရှိရသည်။

လက်ရှိတွင် ထိုင်းရဲများက အခြေအနေကို လာရောက် ထိန်းသိမ်းလျက်ရှိပြီး တရုတ်အလုပ်ရှင်က မြန်မာအလုပ်သမား တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၀၀ စီကြိုတင် ပေးဆောင်ရန် ကမ်းလှမ်းထားကြောင်း၊ သို့သော်လည်း အလုပ်သမားများက အဆိုပါ ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့ပြီး ရက်လွန်လုပ်ခလစာများအား လုံးကို ပေးဆောင်ရန် တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။

မြန်မာအလုပ်သမား ၇၀၀ ဦးက တရုတ်အလုပ်ရှင်နှင့် တရုတ်အလုပ်ကြီးကြပ်ရေးမှူးများကို ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ထွက်ခွာခွင့်မပြုဘဲ ပိတ်ဆို့ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article