30 C
Yangon

ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက် ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁၁ ဦးသေဆုံး

Must read

ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက် ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁၁ ဦးသေဆုံး

ရန်ကုန်| ဩဂုတ် ၁၇

ရခိုင်ပြည် ဂွမြို့နယ်၊ ကျန္တလီမြို့ထဲသို့ စစ်ကောင်စီတပ်က လက်နက်ကြီးများ တရစပ်ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့်လည်း ဗုံးဆက်တိုက်ကျဲချခြင်းတို့ကြောင့် ယမန်နေ့ အရပ်သား ၁၁ ဦးသေဆုံးပြီး ၁၁ ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြသည်။

ယမန်နေ့ ဩဂုတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန် စစ်ကောင်စီ ပစ်ခတ်သော လက်နက်ကြီးများနှင့် ဗုံးများမှာ ကျိန္တလီမြို အမှတ် (၂) ရပ်ကွက်က ခရစ်ယာန်ဘာသာရေးကျောင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်။

ကျိန္တလီစစ်ရှောင် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ” မနေ့က ကျိန္တလီမြိုကို စစ်ကောင်စီက လက်နက်ကြီးနဲ့ တောက် လျှောက်ပစ်တယ်။ လေယာဉ်နဲ့လည်း ဗုံးလာကြဲတယ်။ အကြိမ်ရေက မနည်းဘူး။ ကျိန္တလီမြို အားလုံးပျက်စီးသွားပြီ။ မနေ့က အရပ်သား ၁၀ ကျော် သေပြီး ၁၀ ကျော် ဒဏ်ရာ ရကြတယ်လို ပြောတယ်။ ” ဟု ပြောသည်။

သေဆုံးသွားသူများမှာ အသက်မပြည့်သေးသည့် ကလေးနှစ်ဦးပါဝင်ပြီး အသက် ၆၀ ကျော် လူကြီး လေးဦးပါဝင်ကြောင်း၊ မငြိမ်းရတီ (၁၂ နှစ်)၊ မောင်လှမင်းထွန်း (၁၅ နှစ်)၊ ဒေါ်လှဆန်း (၃၀ နှစ်)၊ ဒေါ်ညွန့်တင် (၆၃ နှစ်)၊ ကိုပြည့်ဖြိုးအောင်(၂၉ နှစ်)၊ ဦးကျော်စိန် (၆၃ နှစ်)၊ ဒေါ်ကြူကြူဝင်း (၆၁ နှစ်)၊ ဦးမင်းထွန်း သိန်း(၃၈ နှစ်)၊ မဇင်မျိုးထွန်း (၂၁ နှစ်)၊ ဒေါ်လှလှဝင်း (၆၅ နှစ်) နှင့် ဒေါ်ခင်မိုးဝေ (၃၇ နှစ်) တို့ဖြစ်ကြောင်း APM က ဖော်ပြထားသည်။

ဒဏ်ရာရသူများမှာ ဒေါ်ခင်လပြည့်၊ ဒေါ်မေမြင့်၊ နံ့သာဖြူ၊ အိရွှစင်၊ ဒေါ်စီစီ၊ ဒေါ်ခင်လှ၊ ဦးတင်အုန်း၊ တင်ဇော်ထွေး၊ သျှင်မွေလ၊ ခင်ဇော်ထွေးနှင့် မောင်ဝင်းတင်တို ဖြစ်ကြသည်။

ယင်းအပြင် စစ်ကောင်စီ ဗုံးသီးများမှာ ကျိန္တလီမြို ပြည်သူ့ဆေးရုံသိုလည်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဆေးရုံတခုလုံး ပျက်စီးသွားကြောင်း သိရသည်။

ကျိန္တလီမြိုကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားပြီဖြစ်ကြောင်းနှင့် ကျိန္တလီမြိုထဲ စစ်ကောင်စီသားများမှာ ဂွမြိုအနီး ကုလားပြင် (ရတနာမြိုင်) တံတားထိပ်သို တပ်ဆုတ်ခွာကြောင်း ဒေသခံများက ပြောသည်။

ကုလားပြင်တံတားထိပ်တွင် စစ်ကောင်စီတပ်သားများက ခံစစ်ပြင်ဆင်ကာ ကျိန္တလီမြိုထဲ လက်နက်ကြီးများ နေ့စဉ် အဆက်မပြတ် ပစ်ခတ်နေသလို လေယာဉ်ဖြင့်လည်း နေ့စဉ် ဗုံးလာကြဲနေကြောင်း စစ်ရေးသတင်းရင်းမြစ် အသက် ၃၅ နှစ်အရွယ် ဂွမြို့ဒေသပြည်သူ တစ်ဦးက ပြောသည်။

” ကျိန္တလီက တပ်ဆုတ်လာတဲ့ စစ်ကောင်စီ တပ်သားတွေဟာ ကုလားပြင် တံတားထိပ်က တပ်စခန်းနဲ့ ပူးပေါင်းနေတယ်။ အဲဒီတံတားမှာ ခံစစ်သေချာပြင်ဆင်ပြန် AA ထိုးစစ်ကို ခုခံနေကြတယ်။ ကျိန္တလီမြိုထဲကို လက်နက်ကြီးနဲ့ ပစ်နေတာပဲ။ ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်နှင့် AA တို တိုက်ပွဲပြင်းထန်မှုကြောင့် ကျိန္တလီမြိုထဲက ပြည်သူအများစု စစ်ရှောင်နေကြရသလို ဂွမြိုက ဒေသခံပြည်သူများလည်း ဧရာဝတီဘက်သို့ စစ်ရှောင်သွားကြကြောင်း ဒေသခံများထံမှ သိရသည်။

ဂွမြိုသည် ရခိုင်ပြည်၏ အဆုံးမြိုတစ်မြိုဖြစ်ပြီး သံတွဲမြိုကို ထိန်းချုပ်ပြီးနောက် ဂွမြိုနယ်က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ဓာတ်ပုံ- စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပျက်စီးနေသော ရခိုင်ဒေသမှ နေအိမ်တစ်လုံး။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- APM ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article