ယင်းမာပင်မြို့နယ် ရဲတပ်ရင်း ၂၈ နှင့် အောင်ဇေယျအကျိုးကုန်းရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၁၇
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရဲတပ်ရင်း ၂၈ နှင့် အောင်ဇေယျအကျိုးကုန်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးခဲ့ကြောင်း Regional Friend Fighters အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၇ ရက်နေ့တွင် ယင်းမာပင်မြို့နယ်၊ ရဲတပ်ရင်း ၂၈ ရွှေတောင်ဦးကုန်းနှင့် ဩဂုတ်လ ၉ ရက်နေ့တွင် အောင်ဇေယျအကျိုးကုန်းပေါ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ဘန်ကာ ၁ လုံး မီးလောင် ပျက်စီးပြီး စစ်ကောင်စီ တပ်သားများ ထိတိုက်ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်း ထိခိုက်ဒဏ်ရာရရှိသော စစ်ကောင်စီတပ်သားများထဲမှ စိုင်းသီဟလင်း(ခ)ငိုဝ ဆိုသူ သေဆုံးခဲ့ပြီး ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့၌ ရက်လည် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင် ခရိုင်တပ်ရင်း (၃၆) BLUE ROSE ဒုန်းအဖွဲ့ နှင့်အတူ KLG PDF (ဗျူဟာ အမှတ် ၄၅)၊ ယင်းမာပင်ခရိုင် ဗျူဟာ (၄၇)၊ PDA၊ (ယင်းမာပင်ခရိုင် တပ်ရင်း ၃၅)၊ B 21 PDF (ယင်းမာပင်ခရိုင် တပ်ရင်း ၁၇)၊ အမိမြေတော်လှန်ရေးတပ်ဖွဲ့ (ယင်းမာပင်ခရိုင် တပ်ရင်း ၂၇)၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆၊ ULF စစ်ကြောင်း၊ Regional Friend Fighter (ယင်းမာပင်ခရိုင် တိုက်နယ် ၂ ပကဖ) နှင့် ဘိုးတော်နီ တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။