ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၅ ရဲတပ်ရင်းမှ ရဲတပ်သား မျိုးချစ်သူ လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်မှု ငွေကျပ် သိန်း ၅၀ ချီးမြှင့်
ရန်ကုန်၊ ဩဂုတ် ၁၈
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၅ ရဲတပ်ရင်းမှ ရဲတပ်သား မျိုးချစ်သူသည် လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်လာပြီး ငွေကျပ် သိန်း ၅၀ ချီးမြှင့်ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ဩဂုတ် ၁၇ ရက်နေ့ မှော်ဘီမြို့နယ်၊ အမှတ် ၅ ရဲတပ်ရင်းမှ ရဲတပ်သား မျိုးချစ်သူသည် G-3အမျိုးအစား ၁ လက်၊ ကျည် ၁၅၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံးနှင့်အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာကြောင်း၊ ထို့နောက် ရဲတပ်သား မျိုးချစ်သူကို ဂုဏ်ပြုငွေ သိန်း ၅၀ ကျပ် ချီးမြင့်ခဲ့ကြောင်း သိရှိရသည်။