29 C
Yangon

ရွှေဘိုတွင် ဆန်၊ ဆီ အလှူခံပြီး ပြန်လာသော အမျိုးသမီး ၂ ဦး အပါအဝင် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီး

Must read

ရွှေဘိုတွင် ဆန်၊ ဆီ အလှူခံပြီး ပြန်လာသော အမျိုးသမီး ၂ ဦး အပါအဝင် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီး

ရန်ကုန်၊ ဩဂုတ် ၁၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဆန်၊ဆီ အလှူခံပြီး ပြန်လာသော စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဩဂုတ်လ ၁၈ ရက်နေ့ ရွှေဘိုမြို့ ၊ မြို့ထောင့်စေတီဘုရားအနီးတွင် အရပ်ဘက်အဖွဲ့အစည်းတစ်ခုက လှူဒါန်းပေးဝေသည့် ဆန်နှင့်ဆီများကို အလှူခံပြီး ပြန်လာသည့် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသည့် ပြည်သူများတွင် ဦးကြီးမောင်၊ ဦးမင်းနိုင်၊ ကိုမောင်ခိုင် အပါအဝင် စစ်ဘေးရှောင် ပြည်သူ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများသည် ရွှေဘိုမြို့ပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူများဖြစ်ကြောင်း သိရှိရသည်။

“အဖမ်းခံသူတွေဟာ ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာ၊ မြို့လှရွာ၊ကံသာကုန်းရွာနဲ့ ကျောက်မြင့်ရွာတို့က ဖြစ်ပါတယ်။ စစ်ဘေးရှောင် ပြည်သူတွေဖြစ်ပြီးတော့ ရွှေဘိုမြို့ပေါ်မှာအိမ်ငှားနေပြီး ရရာအလုပ်ကိုလုပ်ကိုင်ရင်း စစ်ရှောင်နေကြတာပါ။

ဆန် ဆီထုတ်ပြီးအပြန် ဘုရားစောင်းတန်းလမ်းထိပ်ကနေ စစ်တပ်က ပိတ်ဖမ်းတာ။ အဖမ်းခံရတဲ့အထဲမှာ စစ်ဘေးရှောင် အမျိုးသမီး ၂ ဦးပါသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရွှေဘိုမြို့ပေါ်တွင် ပြည်သူများကို ဖမ်း ဆီး ရိုက်နှက် သတ်ဖြတ်ခြင်း၊ ငွေကြေး ခြိမ်းခြောက်တောင်းခံခြင်း၊ ပစ္စည်းများကို လုယက်ခြင်း အပါအဝင် မတရားမှုများကို ဆက်တိုက် ကျူးလွန်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရွှေဘိုတွင် စစ်ဆေးမှုများလုပ်နေသော အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article