32 C
Yangon

မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်စခန်းတွင် ကျင်းပ ပြုလုပ်

Must read

မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်စခန်းတွင် ကျင်းပ ပြုလုပ်

ရန်ကုန်၊ ဩဂုတ် ၁၉

မွန်ပြည်တော်လှန်ရေးတပ် (MSRF) တပ်စခန်းတွင် ၇၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မွန်တော်လှန်ရေး သမိုင်းတလျှောက် အသက်ပေးလှူခဲ့သည့် သူရဲကောင်းများအား အလေးပြုခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်ကောင်းရွက်မှ ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခြင်း၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မှ မိန့်ခွန်းပြောကြားခြင်း၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (NMSP-AD) တို့မှ ပူးတွဲထုတ်ပြန်ထားသည့် ထုတ်ပြန်ကြေညာချက်အား ဖတ်ကြားခြင်းနှင့် အခမ်းအနား တက်ရောက်လာကြသည့် မဟာမိတ်တပ်ရင်း တပ်ဖွဲ့များမှ ခေါင်းဆောင်များမှ မိန့်ခွန်းစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

မွန်တော်လှန်ရေးနေ့အခမ်းအနားကို မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)၊ အမှတ် (၃) တောင်ပိုင်းတိုင်းစစ်ဒေသ ဗျူဟာ ၃၃ ဗျုဟာမှူး၊ ဒေါနတပ်ရင်းမှ တပ်ရင်းမှူးနှင့် စစ်ကြောင်းမှူးများ၊ ရေးပြောက်ကျားတပ် (YGF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YDF) ၊ Ye Air Force(YAF) နှင့် ရေးသိမ်းငှက်အဖွဲ့မှ တာဝန်ရှိရဲဘော်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ခေတ်အဆက်ဆက်တော်လှန်တိုက်ပွဲဝင်ခဲ့ကြသည့် မွန်သူရဲကောင်း ရဲဘော်အာဇာနည်များအား ဂုဏ်ပြုသောအားဖြင့် ၇၇ ကြိမ်မြောက်မွန်တော်လှန်ရေးနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး၊ ဘဝတူတိုင်းရင်းသားများနှင့်အတူ စစ်အာဏာရှင်တော်လှန်ရေး အဆုံးသတ်တိုက်ပွဲတွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF) သည် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်သည်အထိ

တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF) က အသိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article