ကလေးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဘူးသပိတ်လူထုတိုက်ပွဲ အရှိန်မြှင့်တင်ရေးလူထုအသိပညာပေး ဟောပြောပွဲပြုလုပ်
ရန်ကုန်၊ဩဂုတ် ၂၁
စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက စစ်တပ်ထုတ်ကုန်မှန်သမျှ မသုံးစွဲရေးနှင့်၊ ဘူးသပိတ်လူထုတိုက်ပွဲ အရှိန်မြှင့်တင်ရေးလူထုအသိပညာပေးဟောပြောပွဲကို ယနေ့ သြဂုတ် ၂၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ကျေးရွာရှိ ကျောင်းသားများ ရွေးကောက်တင်မြောက်ခဲ့သော ရွေးကောက်ခံကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက ကျမ်းသစ္စာကျိန်ဆိုပွဲကိုပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။