31 C
Yangon

မြန်အောင်နှင့် ကြံခင်း မြို့နယ်တို့တွင် AA နှင့် PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မည်ဆိုသော သတင်းကြောင့် စစ်တပ်က ပြည်သူများကို ကင်းစောင့်ခိုင်းသည့်အပြင် ငွေကြေးများ ခြိမ်းခြောက် တောင်းခံနေ

Must read

ရန်ကုန်၊ ဩဂုတ် ၂၂

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ် တို့တွင် AA နှင့် PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်မည်ဆိုသော သတင်းကြောင့် အကြမ်းဖက် စစ်တပ်က ပြည်သူများကို ကင်းစောင့်ခိုင်း၍ ငွေကြေးများ အတင်းအဓမ္မ ခြိမ်းခြောက် တောင်းခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

မြန်အောင်မြို့နယ် နှင့် ကြံခင်းမြို့နယ်ကို AA နှင့် PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ဆိုသော သတင်းများကြောင့် အကြမ်းဖက် စစ်တပ်က ကျေးရွာ လုံခြုံရေးအဖွဲ့များဖွဲ့စည်း၍ အမျိုးသားနှင့် အမျိုးသမီးများကို အလှည့်ကျ ကင်းစောင့်ရမည်ဟု ဆိုကာ အတင်းအကျပ် ခိုင်းစေနေကြောင်း သိရသည်။

“အခုရက်ပိုင်းမှာ ဧရာဝတီတိုင်းကို AA ကလည်း ဝင်တိုက်မယ်။ PDF ကလည်း ဝင်တိုက်မယ် သတင်းတွေကလည်း ထွက်နေတော့ အကြမ်းဖက် စစ်ကောင်စီက ကြောက်လန့်ပြီး ပြည်သူကို ဖိနှိပ်တာတွေ လုပ်ဆောင်နေတာပါ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် စစ်မှုထမ်းမည့် သူများကို ထောက်ပံ့ရန်ဟုဆိုတာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ငွေကျပ် ၅၀၀၀ မှ ၁၀၀၀၀ ကျပ်အထိ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက အတင်းအကျပ် ကောက်ခံခြင်းများလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။

“အခုက ရွာတွေမှာ လူငယ်တွေ လူလတ်ပိုင်းတွေ မရှိတော့ဘူး။ ပြည်ပကို အောက်လမ်းပွဲစားနဲ့ ပြေးတာက ပြေးကုန်ပြီ တချို့က အိမ်မှာမရှိပြီးရော အသိမိတ်ဆွေတွေဆီ ခဏရှောင်နေကြတာလဲ ရှိတယ်။ အကြမ်းဖက် စစ်ကောင်စီက တစ်နိုင်ငံလုံးမှာ စစ်ရှုံးပြီး စစ်မှုထမ်းဖို့ လူခေါ်မရတာလည်း သိကြတယ်။ ဧရာဝတီတိုင်းက ငြိမ်နေတယ် ဆိုပေမယ့် နိုင်ငံရေး စစ်ရေးအခြေအနေ သိကြတယ်။ တချို့ကတော့ အနေအစား ချောင်ပြီးရော စစ်ကောင်စီခိုင်းတာ လုပ်ပြီး ပြည်သူကို ဖိနှိပ်နေတယ်။ အုပ်ကြီးနဲ့ ဒလန်တွေ အဆိုးဆုံးပဲ အခု စစ်မှုထမ်းဖို့ လူမပေးနိုင်တဲ့ ရွာတွေမှာ ပိုက်ဆံအတင်း အကျပ် ကောက်နေတာပါ။ ကျွန်တော့်အိမ်ကဆို ၁၀၀၀၀ ပေးလိုက်ရတယ် စစ်မှုထမ်းတဲ့သူကို ထောက်ပံ့ဖို့လို့ ပြောတယ်။ ခုလို ကုန်စျေးနှုန်းတက်ပြီး စားဝတ်နေရေး ခက်ခဲနေကြတဲ့အချိန်မှာဘယ်ပြည်သူမှ သူတို့ကို မပေးချင်ကြဘူး။ သူတို့ပြန်သွားတဲ့အခါမှာ ကြိမ်ဆဲနေကြတာ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် ဟင်္သတာခရိုင် ပကဖ ကလည်း အကြမ်းဖက် စစ်ကောင်စီကို တိုက်ထုတ်၍ မြို့သိမ်း တိုက်ပွဲများ ဖြစ်လာလျှင် အုပ်ချုပ်ရေး ယန္တရား အားကောင်းစေရန် အဖွဲ့ဝင်များ တရားဝင် ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ – ပြည်သူများကို စစ်ကောင်စီတပ်က ပြည်သူ့စစ်သင်တန်း ပေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article