ရန်ကုန်၊ ဩဂုတ် ၂၃
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေးဂိတ်ကို အကြမ်းဖက်စစ်သားများကို ၂ ရက် ဆက်တိုက် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ ကပြောသည်။
ဩဂုတ်လ ၁၉ ရက် နေ့နှင့် ဩဂုတ် ၂၀ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် ထားဝယ်မြို့နယ်၊ ဘုရားမဲစစ်ဆေးရေး ဂိတ်ရှိအကြမ်းဖက်စစ်ကောင်စီတပ်သားများကို စနိုက်ပါဖြင့်ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ယင်းစစ်ဆေးဂိတ်သည် ပြည်သူများကို နည်းလမ်းမျိုးစုံ ဖြင့် ဖမ်းဆီး၊ ဆက်ကြေးကောက်၊ ခြိမ်းခြောက်နေသည့် ဂိတ်တစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော် (DNLA) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ဆင်ရေးများ အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက်နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး အသိ၊သတိပြု သွားလာနေထိုင်ကြပါရန် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YPPDF ကထုတ်ပြန်ထားသည်။
အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးများ စုဝေး နေ သောနေရာကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့ ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန် လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာရှိ ပျူစောထီးများ စုဝေးနေသောနေအိမ်တစ်လုံးကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကျောက်နီ မော်ပျူစောထီးခေါင်းဆောင် သန်းစိုးအပါအဝင် ပျူစောထီးများ ထွက်ပြေးလွတ်မြောက်သွား ကြောင်း သိရသည်။
ထို့နောက် ဒုတိယ ပစ်မှတ်ဖြစ်သော ပျူစောထီးကြယ်ဖြူ၏ နေအိမ်ကို ထပ်မံ ဝိုင်းခဲ့ရာ ပျူစောထီး များက နေအိမ်ပေါ်မှ ခုန်ချကာ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် ပျူစောထီးများနှာ ရေထဲခုန်ချကူးခတ်ကာ တဖက်ကမ်းသို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း ပျူစောထီးအဖွဲ့ဝင် အမျိုးသမီးတစ်ဦးသေဆုံးကာ ပျူစောထီကြယ်ဖြူ၏ နေအိမ်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ၊ ပျူစောထီးကြယ်ဖြူသည် ယုတ်မာရိုင်းစိုင်းသူတစ်ဦးဖြစ်ပြီး လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို စစ်ကြောင်းထိုးရာတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သူဖြစ်ကြောင်း၊ ၎င်း၏ အမျိုးသမီးဖြစ်သူမှာလည်း စစ်ကောင်စီ၏ အမာခံထောက်တိုင်ဖြစ်ကြောင်း သိရသည်။
ထို့သို့ ဝင်ရောက်တိုက်ခိုက်မှုအဝွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်များအနီး ကျရောက်ပေါက်ကွဲခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ လိပ်ပြာတပ်စု ၊ ဂဠုန် တပ်စု နှင့် ကင်းမြှီးကောက်ပြောက်ကျားတပ်စု တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar