ရေးတွင် ဆက်ကြေးတောင်းနေသည့် စစ်သားများကို လက်နက်ကြီး၊ ဒရုန်းတို့ ဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၂၃
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင် လမ်းဝအနီး ကားလမ်းပေါ်တွင် ခရီးသွးပြည်သူများထံမှ ဆက် ကြေး ကောက်နေသော အကြမ်းဖက် စစ်ကောင် စီတပ်သားများကို လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၂၂ ရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်က ရေးမြို့နယ် အခြေစိုက် အမတ ၃၁၇ တပ်ရင်းအတွင်းမှ ထွက်လာကာ နှစ်ကရင်လမ်း၀ အနီး ကားလမ်းပေါ်တွင် ခရီးသွား ပြည်သူ များထံမှ ဆက်ကြေးကောက်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒရုန်း၊ ၆၀ မမ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“လူဖြန့်ထားတာဆိုတော့ အင်အားက အတော်များတယ်၊ တပ်ရင်းထဲကနေ ထွက်လာပြီး လမ်းပေါ် တက် ဈေးသည်တွေဆီက ဟိုဟာတောင်းလိုက်၊ ဒီဟာတောင်းလိုက်နဲ့ လုပ်ကြတာ၊ သူတို့ပြန်ပြီး စိုးမိုးထားတယ်ဆိုတဲ့ ပုံစံမျိုးပြတာပါ။ ကျနော်တို့လက်နက်ကြီးနဲ့ပစ်တဲ့အချိန် ပြန်ဝင်သွားကြတယ်၊ ပြီးတော့ လမ်းဘေးမြောင်းထဲ ဆင်းပုန်းကြတာလည်းရှိတယ်။ ကျနော်တို့ဘက်ငြိမ်ရင် သတို့က ထွက်၊ သူတို့ထွက်လာရင် ကျနော်တို့ကဘက်ပစ်နဲ့ပါပဲ” ဟု တောင်ညိုစစ်ကြောင်းမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ညို စစ်ကြောင်းနှင့် KNLA အမှတ် တပ်ရင်း ၂၇ တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။